Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မင်းသွေးသာရှိနေအုံးမယ် ဆိုရင် အသက်၃၄နှစ် ပြည့်ပြီနော်

ဇွန်လ ၂၁ ရက်နေ့ကျရောက်ခဲ့တဲ့ ရုပ်ရှင် သရုပ်ဆောင် အဆိုတော် မင်းသွေးရဲ့ ၃၄နှစ်ပြည့် မွေးနေ့လေးအတွက် မွေးနေ့ ဆုတောင်းပေးလိုက်ကြရအောင်နော်။ မင်းသွေးကွယ်လွန်သွားခဲ့ပေမယ့် သူ့ သရုပ်ဆောင်မှုတွေ ဟန်ပန်လေးတွေကို ယနေ့အထိ မမေ့နိုင်သေးတဲ့ အနုပညာရှင် ညီအကို မောင်နှမတွေရှိသလို၊ သူ့အမာခံပရိသတ်တွေနဲ့ သူ့မိသားစုဝင်တွေလဲရှိပါတယ်။

မင်းသွေး ဟာ ပရိသတ်တွေနဲ့ မိသားစုကို ရုတ်တရက်ကြီး ခွဲခွာသွားခဲ့ပေမယ့် အားလုံးရဲ့ရင်ထဲမှာတော့ သူ့ကိုသတိရနေကြမယ်ထင်ပါတယ်။ သူ ဟာ မနှစ်ကမွေးနေ့မှာ ၃ရက်တာ တရားစခန်းဝင်ခဲ့ပြီး မွေးနေ့မတိုင်ခင် ဆွေမျိုးအပေါင်းအသင်းတွေက မွေးနေ့အကြိုလေး လုပ်ပေးခဲ့တဲ့ ပုံရိပ်တွေနဲ့၂၀၁၈ ခုနှစ်ကို ခဏပြန်သွားကြည့်ကြ ရအောင်နော်……… ။

သရုပ်ဆောင် အဆိုတော် မင်းသွေးဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃ရက်နေ့ညက ရုတ်တရက် ကွယ်လွန်သွားပြီး ယခုအချိန်ထိ ဆိုရင် သူ ကွယ်လွန်ခဲ့တာ ၈လကျော်ရှိနေပါပြီ။ သူကွယ်လွန်ပြီးခါမှ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေ၊ သီချင်းခွေတွေထွက်ရှိနိုင်ခဲ့တာဖြစ် လို႔ အားလုံးက သူ့ အတွက်စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

သူသာ တကယ်လို့ ရှိနေဦးမယ်ဆိုရင် ဇွန်လ ၂၁ရက်ဟာ သူ့ရဲ့ ၃၄နှစ်ပြည့်မွေးနေ့လေးဖြစ်နေခဲ့မှာပါ။ သူ့ကို သတိရတမ်းတသောအားဖြင့် ဝိုင်းဝန်းဆုတောင်းပေးလိုက်ကြအောင်လား ပရိသတ်ကြီးရေ ……… ။

ဖတ်ရှု့ပေးကြတဲ့ပရိသတ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပရိသတ်တွေလဲ သတိရနေကြမယ်ထင်လို့ မင်းသွေးရဲ့ပုံရိပ်တစ်ချို့ကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်။

Source – Min tway ‘s fb
Myanmar Cele Crazy

(Visited 2994 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ