Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မင်းသမီး ရဲ့ secretary ဖြစ်ရလည်းကျေနပ်ပါတယ် ဆိုတဲ့ ဘုန်းမင်းနေလ

ပရိသတ်တွေက အရမ်းချစ်ကြတဲ့ အနုပညာရှင်တွေ ရဲ့ သားနဲ့သမီးဖြစ်တဲ့ ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့ဟာ ရွှေကြိုပွဲမှာထဲက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိခဲ့သလို အရမ်းလိုက်ဖက်ပြီး အတွဲညီလို့လဲ အားလုံးက သဘောကျနေတဲ့ စုံတွဲလေပါ။ သူတို့ နှစ်ယောက်ဟာ ရွှေကြိုပွဲပြီး တဲ့နောက်ပိုင်းမှာ ကြော်ငြာတွေ နဲ့ပွဲတက်တွေ ပိုစတာရိုက်ကူးမှုတွေမှာ အတူတွဲပြီးတွေ့လာရပါတယ်။

ယခုအခါမှာတော့ သူတ်ို့နှစ်ဦးဟာ စိန်နန်းတော်ပွဲကို အတူတက်ရောက်လာခဲ့ပြီး သဇင်ထူးမြင့်နဲ့အတူ ချစ်စရာကောင်းတဲ့ ပုံလေးရိုက်ကူးပြီး စနောက်လိုက်တဲ့စာသားလေးက သူတို့နှစ်ယောက်ရဲ့ ပုံလေးကို ပိုပြီးအသက်ဝင်စေပါတယ်။

ဘုန်းမင်းနေလ ရေးသားခဲ့တဲ့ စာသားလေးက ” အိုးခိုင်မော့ secretary ဘုန်း 👨‍💼 😜✨ဒီခေတ်မှာမင်းသမီး secretary ဖြစ်လည်းနည်းတာမဟုတ်ဘူး 😝” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

သူတို့ရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ချစ်တဲ့ပရိသတ်တွေက ကြည့်ရူနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်

Snow(mcc)

(Visited 8537 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ