Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မင်းက ကိုယ့်အတွက်ဘုရားသခင်ဖန်ဆင်းပေးခဲ့တာပါဆိုတဲ့ မအေးသောင်း

ပရိသတ်တွေကြား မှာ မြန်မာဆန်တဲ့ အလှဘုရင်မ မအေးသောင်းအဖြစ် နာမည်ကြီးခဲ့ပြီး သူမကလဲ မြန်မာဝတ်စုံတွေနဲ့ အရမ်းကို လိုက်ဖက်ညီလှပါတယ်။ သူမဟာ ယခုနောက်ပိုင်းမှာတော့ အချစ်အကြောင်းတွေ သိပ်ပြောလာပြီး အလွမ်းအဆွေးနဲ့ပတ်သက်တဲ့ ကဗျာတွေစာတွေရေးသားဖော်ပြလေ့ရှိပါတယ်။

ယနေ့မှာလဲ မင်းက ဘုရားသခင်ပေးခဲ့တဲ့ အကောင်းဆုံးလက်ဆောင်ပါလို့ ဆိုပြီး ပြောပြလာပါတယ်။ သူမပြောခဲ့ တာကတော့ ” ဘုရားသခင်ပေးတဲ့ အကောင်းဆုံးလက်ဆောင်ကတော့ မင်းကို ကိုယ့်တစ်ယောက်တည်းအတွက် ဖန်ဆင်းပေးခဲ့တာပါပဲ ” လို့ ရေးသားလာပါတယ်။

သူမဟာ လတ်တလောမှာတော့ ရွှေဘိုမြို့ကိုရောက်ရှိနေပြီး ပွဲတက်ရောက်ခဲ့တဲ့ အကြောင်းကိုလဲ ” ရွှေဘိုမြို့မှ မယ်မဒီစတိုးဆိုင်ဖွင့်ပွဲကိုရောက်ခဲ့ပါတယ်ရှင့်။ဆထက်တိုးပြီး အောင်မြင်ပါစေရှင့်။ ရွှေဘိုမှာ မယ်မဒီကြောင့် ပိုလှကြတာ ပိုဝတ်တတ်လာကြတာ ဆိုတဲ့ မြို့ခံတွေရဲ့အသံလေးတွေကြောင့်လည်း ပိုကျေနပ်ခဲ့ရပါတယ်။မထင်မှတ်လောက်အောင် လာအေးပေးကြတဲ့ ရွှေဘိုမှ အမျိုးတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့် 🙏🙏🙏🙏” လို့ ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာပုံလေးတွေနဲ့ အတူ ရေးသားခဲ့ပါတယ်။

မအေးသောင်းရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေသဘောကြစေဖို့ ဖော်ပြပေးပါလိုက်ပါတယ်နော်။

Source – Aye Thaung ‘sfb

(Visited 1747 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ