Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဘဝမှာ နောင်တအရဆုံး အရာတစ်ခုရှိခဲ့ကြောင်း ထုတ်ပြောပြလာတဲ့ နန်းဆုရတီစိုး

ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်လဲဖြစ်၊ သရုပ်ဆောင်လဲ လုပ်တဲ့ နန်းဆုရတီစိုးဟာ ယခုနောက်ပိုင်းမှာတော့ သရုပ်ဆောင် ထက် သီချင်းပိုင်းကို ပိုမိုလုပ်ကိုင်လာပြီး အချစ်သီချင်းအလွမ်းသီချင်းတွေ ကို ပရိသတ်တွေအတွက် ဖန်တီးပေးလေ့ရှိပါတယ်။ သူ့ရဲ့ သီချင်း တွေကလဲ လူငယ်ပရိသတ်ကြားမှာ အရမ်းကို အောင်မြင်ခဲ့ပါတယ်။

ယခုအခါမှာတော့ သူနောင်တအရဆုံး ကိစ္စတစ်ခုကို ပြောပြခဲ့ပါတယ်။ အဲ့ဒါကတော့ ” ဘဝမှာ နောင်တအရဆုံးကဘာလဲဆိုတော့ ဆံပင်ကိုဆိုးချင်တိုင်း ဆိုးပြီး ညှပ်ပစ်ခဲ့ရတာကိုပဲ 😔 ဆံပင်ပြန်ရှည်ပြန်ကောင်းချင်လို့ တနေ့အခါနှစ်ဆယ် လောက်ဖြီး တလကို ၁၅ခါလောက်ပေါင်းလည်း ဘာမှ သေသေချာချာမထူးခြားလာသေး ဆံပင်လေး ကောင်းကောင်း ရှိနေတုန်း သေချာတန်ဖိုးထားဂရုမစိုက်ခဲ့မိတာ” လို့ ဆိုကာ နောင်တရမိတဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကိုယ့်အပေါ်မနာလိုတွေရှိနေရင်လဲ ဘယ်လိုနေထိုင်တက်ရမယ် ဆိုတာကို ” ကိုယ်ချစ်တဲ့သူတွေ ကိုယ်ချစ်တဲ့အရာလေးတွေကို ပိုတန်ဖိုးထားပါ ကိုယ်မုန်းတဲ့သူတွေ အမြင်ကပ်တဲ့အရာတွေကိုပဲ အာရုံထားနေမယ်ဆိုရင် ကိုယ့်ကိုမုန်းတဲ့သူတွေ မနာလိုတဲ့သူတွေနဲ့ အတူတူ တစ်တန်းထဲဖြစ်သွားလိမ့်မယ်” လို့ ဆိုကာ ရေးသားခဲ့ပြန်ပါတယ်။

ချစ်ပရိသတ်ကြီး ရော နန်းဆုလို ဆံပင်လေးတွေကို အလှဆင်မိလို့ နောင်တရနေတာတွေ ရှိနေကြပြီလား ပြောပြပေးခဲ့ကြပါအုံးနော် ။ နန်းဆုရဲ့ ချစ်တဲ့ ပရိသတ်ကြီး လဲဆံပင်လေးတွေ တန်ဖိုးထားတက်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 4835 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ