Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဘဝမှာ ဒဏ်ရာတွေများစွာ ရှိခဲ့တယ် လို့ဆိုတဲ့ ပိုင်ဖြိုးသု

အကယ်ဒမီ သရုပ်ဆောင် ပိုင်ဖြိုးသုဟာ သူမရဲ့ ငယ်ငယ် ကကြုံခဲ့ရတဲ့ အကြောင်းအရာ တစ်ချို့ကို ပြောပြခဲ့ပါတယ်။ သူမကို စိုင်းစိုင်းကို ချစ်တယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ပရိသတ်တွေ သတိထားမိခဲ့တာဖြစ်ပြီး နောက် မြင့်မြတ်နဲ့ ရိုက်ကူးခဲ့တဲ့ ဗိုလ်အောင်ဒင် နှင့် သူ၏ချစ်သူများ ရုပ်ရှင်ဇာတ်ကား မှာ မမြဝင်းအဖြစ် ပရိသတ်တွေ ပိုပြီးသတိထားမိလာကြပါတယ် ။ အဲ့ဒီနောက်မှာတော့ နေဝင် အိပ်တန်းတက် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေကပေးတဲ့ အကယ်ဒမီကို ရရှိခဲ့ပေမယ့် သူမကတော့ သရဲမ၊ဘီလူးမ နဲ့ မိန်းမပျို ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ရရှိခဲ့ပါတယ်။

ဒီလိုအောင်မြင်မှုတွေမရခင်က သူမမှာ ဝက်ခြံနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခု ကြုံခဲ့ရတဲ့ အကြောင်း ကို ပြောပြခဲ့ပါတယ်။ သူမပြောခဲ့တဲ့ အပြည့်အစုံကတော့ “သုသုအသက် (၁၆)နှစ်လောက်က ဝက်ခြံတွေအရမ်းကို ပေါက်ခဲ့တာပါ…..မျက်နှာကြီးတစ်ခုလုံး အပ်ချစရာနေရာမရှိအောင် ကိုယ့်ဖာသာ ကိုယ်မှန်တောင်မ ကြည့်ချင် လောက်အောင်ဖြစ်ခဲ့ရတယ်….စိတ်ဓါတ်တွေလည်း အရမ်းကျခဲ့ရတယ်။ ဆရာဝန်တွေအမျိုးမျိုး ပြောင်းပြ…. ဆေးတွေမျိုးစုံစား….. ဝက်ခြံပျောက်ဆေးတွေအသောက်ကောင်းလို့ ဓါတ်မတည့်ဖြစ်ပြီး ဆေးရုံတောင် ရောက်သွားခဲ့ဖူးတယ်”

“အသက်၂၀ နောက်ပိုင်းမှာတော့ဝက်ခြံတွေသက်သာသွားခဲ့ပေမယ့် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ် တွေကျန်ခဲ့ပါတယ်… အဲဒီအမာရွတ်တွေကိုပျောက်ဖို့အမျိုးစုံ ကြိုးစားသော်လည်း သက်သာရုံ သာသက်သာပါတယ်။ အထူးသဖြင့် အလုပ်မှာ စိတ်ဖိစီးမှုတွေအရမ်းများ အိပ်ရေးတွေပျက်ရင် အသားအရည်ကပိုဆိုးပါတယ်။ ပြစ်မျိုးမှဲ့မထင် အသားရည်ပိုင်ရှင်မိန်းကလေးတွေတွေ့ရင်လည်း သေလောက်အောင်အားကျပါတယ်”

“ဘဝတူအမာရွတ်နဲ့မိန်းကလေးတွေတွေ့ရင်လည်း အရမ်းကိုယ်ချင်းစာမိလို့ ဘယ်တော့မှ စိတ်ဓါတ် ကျစေမယ့်စကားမပြောပါဘူး….”ဟယ်….နင့်မျက်နှာကြီးဘာဖြစ်သွားတာလဲ” “မျက်နှာအသားအရည်က လဲညံ့လှချည်လား” ” မင်းသမီးဖြစ်ပြီး skin care တောင်မလုပ်တာအပျင်းကြီးလှချည်လား” “ချွေးပေါက်ကြီး တွေကျယ်နေတာရုပ်ဆိုးလိုက်တာ” ” သူ့မျက်ခွက်ကြီးအဲ့လိုဖြစ်နေတာမရှက်ဖူးလားမသိဘူး” အစရှိတဲ့ ချိုးနှိမ်တဲ့စကားတွေ comment တွေဟာ မိန်းမတစ်ယောက်ကို ဘယ်လောက်ထိစိတ်ဒဏ်ရာ ရစေတယ်ဆိုတာ ကိုယ်တိုင်ကြုံတွေ့ဖူး ပြောခံရဖူးမှ ကိုယ်ချင်းစာ နားလည်ပေးနိုင်မှာပါ… မလှချင်တဲ့ မိန်းကလေးရယ် လို့တော့မရှိပါဘူး….”

“ ဟုတ်ကဲ့…. ပိုင်ဖြိုးသုဆိုတဲ့ကျမမှာ စိတ်ဒဏ်ရာဒဏ်ချက်ပေါင်းများစွာရှိသလို မျက်နှာမှာလည်း ဒဏ်ရာပေါင်းများစွာ ရှိတဲ့ လူသာမန်တစ်ယောက်သာဖြစ်ပါတယ်….ဒီဘဝမှာ သူတစ်ပါးကိုဘယ်တော့မှ ကိုယ့်ကြောင့် စိတ်ဒဏ်ရာ ရအောင် နာကျင်ရအောင် မပြောဖူးတဲ့အကျိုးကြောင့် နောင်ဘဝမှာတော့ ပြီးပြည့်စုံတဲ့မိန်းကလေးတစ်ယောက် ဖြစ်ခွင့်ရချင်မိပါရဲ့….” ဆိုတာ ပြောပြခဲ့ပါတယ်။

ပိုင်ဖြိုးသု က ဒီစာကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်လို့ ပို့စ်ရဲ့အောက်မှာ အနုပညာညီကိုမောင်နှစ်မတွေကလဲ အားပေးစကားဆိုထားပါသေးတယ်။

Snowpiki(MCC)

(Visited 769 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ