Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

“ဘဝထဲကရုပ်ရှင်ရုပ်ရှင်ထဲကဘဝ” အကြောင်းပြောပြလာတဲ့နေတိုး

ပရိသတ်တွေရဲ့အချစ်တော် နေတိုးဟာ အမြဲထာဝရ ဆိုတဲ့စကားလုံးနဲ့အတူ သူချစ်တဲ့ ပရိသတ်တွေအတွက် အမြဲတမ်းကြိုးစားလေ့ရှိပါတယ်။ သူဟာ ဟာသကားဆိုလဲ ဟာသကားအလျှောက် အရမ်းကို ဆွဲဆောင်မှုရှိအောင်၊ ရယ်ရအောင်သရုပ်ဆောင်နိုင်သူဖြစ်ပြီး အလွမ်းအဆွေးနဲ့ သရုပ်ဆောင်စွမ်းအင်ကို ပြသရတဲ့ နေရာမှာလဲ သူမတူတောင် စွမ်းဆောင်နိုင်သူလဲ ဖြစ်ပါတယ်။ သူက မကြာသေးခင်ကမှရုံတင်ပြသနေတဲ့ အထက်တန်းစားရုပ်ရှင်ဇာတ်ကားကြီး ရဲ့ ရိုက်ကွင်းပုံရိပ်တွေနဲ့ အတူ မှတ်သားစရာ စကားလေးတစ်ချို့ကို ပြောပြလာခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” “ဘဝထဲကရုပ်ရှင်ရုပ်ရှင်ထဲကဘဝ” ဟုတ်ပါတယ် တကယ်တော့ဘဝဆိုတာ ဒီရုပ်ရှင်လိုပါပဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကြိုတင်မှန်းလို့မရနိုင်ပဲရင်ခုန်စွာနဲ့ကြည့်နေရတာမျိုးပါ ….ထာဝရလေးများ…သိဖို့…? ” လို့ ဆိုပြီးရေးသားခဲ့ပါတယ်။

နေတိုးကိုချစ်တဲ့ပရိသတ်တစ်ချို့ကတော့ အထက်တန်းစားရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ပြီးလောက်ပြီ ထင်ပါတယ်။ ဘယ်လိုဇာတ်ဝင်ခန်းတွေကို ကြိုက်နှစ်သက်လဲဆိုတာ မျှဝေပေးသွားပါအုံးနော်။

ဒီအကြောင်းအရာနဲ့ပုံလေးတွေကို နေတိုးပိုချစ်တဲ့ပရိသတ်တွေအတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်။ နေတိုးချစ်ပရိသတ်ကြီးမျှဝေပေးသွားဖို့ မမေ့ပါနဲ့။

Sourcev- nay toe’sfb

(Visited 959 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ