Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဘယ်သူ့ကိုမှ မထိခိုက်စေချင်လို့ ပြီးဆုံးသွားတဲ့ Rs အကြောင်း မမေးပါနဲ့ဆိုတဲ့ မြတ်သူသူ

ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ မြညိုအဖြစ် နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် မြတ်သူသူ ဟာ လက်တလောမှာတော့ အချစ်ရေးကြောင့် အသဲကွဲနေပါတယ်။ သူမက ၆နှစ်တာ တွဲခဲ့တဲ့ ချစ်ရသူနဲ့ လတ်တလောမှာတော့ သဘောထားမတိုက်ဆိုင်တာတွေကြောင့် လမ်းခွဲထားတဲ့ အခြေအနေမှာရှိပြီး သူမရဲ့ အချစ်ရေးနဲ့ပတ်သက်လို့ မမေးမြန်းကြပါနဲ့ဆိုကာ ရေးသားခဲ့ပါတယ်။

သူမရေးသားခဲ့တာကတော့ ” ခုချိန်ကစပြီး အဆင်ပြေအောင် ပျော်ရွှင်အောင် ကြိုးစားနေသူမို့ အချစ်ရေးကလွဲရင် ကျန်တာမေးပါ ပြီးဆုံးသွားတဲ့ RS အကြောင်း ခုချိန်ဘာမှမဖြေပါရစေနဲ့ ဘယ်သူ့အတွက်မှ မထိခိုက်စေချင်လို့ဆိုတာ နားလည်ပေးပါရှင် ကိုယ်တိုင်လည်း မခံစားချင်တော့လို့ပါ plz 🙏🙏🙏” လို့ရေးသားထားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမက ” အစထဲက မမေးပါနဲ့ကြိုတောင်းပန်ထားတာကို သနားလို့ပါ စိတ်မကောင်းလို့ပါဆိုပြီး မရမကအတင်းလာမေးနေတာ ဘယ်လိုမှကူညီရာမရောက်ပါဘူးနော် 😣” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

မြတ်သူသူ ရဲ့ ချစ်သူ ကလဲ သူ့ရဲ့အမှားတွေပါဆိုပြီး တောင်းပန်စာရေးသားခဲ့ပါတယ်။ သူရေးသားခဲ့ တာကတော့ ” ကိုယ့်အပြစ်နဲ့ကိုယ်မို့ အားလုံးနားလည်ပြီးသားပါ အခုကစပြီး လိုအပ်လာရင်အမြဲကူညီပေးနိုင်တဲ့သူတယောက်အနေနဲ့ တသက်လုံးရှိနေပေးပါ့မယ် ။ အမြဲချစ်နေဆဲမို့ အခွင့်အရေးတော့ပြန်ရချင်မိတယ် ကိုယ်အရာရာပြုပြင်ပြီး ပြန်ကြိုးစားပါ့မယ်။ ဪဒီလိုနေ့မှတိုက်တိုက်ဆိုင်ဆိုင်….😔😔😔😔😔 ” လို့ဆိုကာ သူ့တို့ရဲ့ ချစ်သူ သက်တမ်း ၆နှစ်ပြည့် မှာ ရေးသား ခဲ့တာဘဲ ဖြစ်ပါတယ်။

သရုပ်ဆောင် မြတ်သူသူ နဲ့ သူမရဲ့ ချစ်သူ တို့ဟာ Mrtv 4 ရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။

Snow(mcc)

(Visited 3303 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ