Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဘန်ကောက် ပထမဦးဆုံး Drive-in Digital Cinema ရုပ်ရှင်ရုံဖွင့်လှစ်

ထိုင်းနိုင်ငံရှိ နာမည်ကြီး ရုပ်ရှင်ရုံကုမ္ဗဏီတစ်ခုဖြစ်သော SF Cinema Group နှင့် State-run telecommunication company CAT Telecom တို့၏ ပူးပေါင်းဖွင့်လှစ်ပြသလိုက်သော သီးသန့်ကားပေါ်မှ ထိုင်ရာမထ၊ ကြည့်ရှုနိုင်မည့် Drive-thru Cinema ပြင်ပရုပ်ရှင်ရုံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Ekamai-Raminthra Expressway အမြန်လမ်းရှိ Crystal Design Center (CDC) တွင် ဇူလိုင်လ ၂ ရက်နေ့မှ ၅ ရက်နေ့ထိ ပြသသွားမည်ဟု သိရပါတယ်။

SF Cinema Group သည် ထိုင်းနိုင်ငံ၏ ရုပ်ရှင်ရုံခွဲများကုမ္ဗဏီများ (Digital Movie Theatre Chain) တွင် ဒုတိယအကြီးဆုံး (35%)အဖြစ် စျေးကွက်ကိုပိုင်ဆိုင်ထားပြီး Central ရှော့ပင်းစင်တာများတွင် နေရာယူဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး Drive-in Digital Cinema တွင် 4K လေဆာ Projector ဖြင့်ပြသပြီး မိသားစုများနှင့်အတူ ကြည့်ရှုနိုင်သော (Family friendly) ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ “Trolls World Tour” ရုပ်ရှင်ဇာတ်ကားကို ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားအဖြစ် ဇူလိုင် ၂ ရက်နေ့မှ ၅ ရက်နေ့ထိ ညစဉ် (၇)နာရီမှာ ပြသသွားမှာ ဖြစ်ပါတယ်။

ရုပ်ရှင်၏အသံစနစ်ကို ကား၏ Audio System တွင် ထည့်သွင်းပေးထားပြီး လေအေးပေးခြင်းစနစ် (Air-conditioning system) များကို PVC ပိုက်များဖြင့် ဆက်သွယ်ချိတ်ဆက်ပေးထားသောကြောင့် ရုပ်ရှင်ကြည့်ရှုနေသည့်အချိန်တွင် ကားစက်နှိုးထားစရာမလိုတော့ပါ။

ရုပ်ရှင်ပြသမည့်နေရာသို့ ညနေ (၅) နာရီကတည်းက လာရောက်ရမည်ဖြစ်ပြီး COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ စစ်ဆေးပြင်ဆင်မှုများကို ရုပ်ရှင်မပြသခင် အရင်ဆုံး ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

သီးသန့်ကားတစ်စီးအတွက် လူ ၂ ဦးနှုန်းကြည့်ရှုနိုင်ပြီး ရုပ်ရှင်လက်မှတ် ၁ စောင်လျှင် ဘတ် (၁၂၀၀) ဖြင့် ရောင်းချလျက်ရှိကာ ထိုလက်မှတ်ခတွင် ပေါက်ပေါက်ဆုပ် ၂ ဗူး၊ Coke ၂ ဗူးနှင့် ရေသန့် ၂ ဗူးတို့ ပါဝင်ပါတယ်။ ရုပ်ရှင်လက်မှတ်များကို SF Cinema ၏ LINE အကောင့်နှင့် ၎င်း၏ official website တွင် ဝယ်ယူရရှိနိုင်ပြီး သွားရောက်ကြည့်ရှုသူ အိမ်စီးကားများအစီအရီ ကြည့်ရှုနေကြကြောင်း တွေ့ရှိရပါတယ်။

သင်ရော ဒီလို Drive-in ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ဖူးချင်ပါလား??

Photo Credit: SF Cinema, Bangkok Post

(Visited 144 times, 1 visits today)

About The Author

myanmarcelecrazy Myanmar Cele Crazy is a growing online entertainment channel delivering exclusive breaking news and in-depth coverage on Myanmar Celebrities

အခြားစိတ်ဝင်စားဖွယ်သတင်းများ