Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဘန်ကောက်မှာ ဆေးကုသမှုခံယူနေရတဲ့ ငယ်ငယ့် သမီးလေး

နိုင်ငံကျော် အဆိုတော် ငယ်ငယ်တစ်ယောက် ယနေ့မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာ သမီးလေးနဲ့ အတူ ဓါတ်ပုံမရိုက်ရတာကြောင့် သူမ ကိုယ်သူမ ” Happy birthday to me ကလေးလေးကို icu မှာ မို့လို့ ဓာတ်ပုံ ရိုက်လို့် မရဘူးတဲ့ ကွကို ရိုက်တယ်ကွာ ” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်အကောင့်မှာ ပုံလေးတင်ခဲ့ပါတယ်။

ငယ်ငယ့် သမီးလေး ပိုးဝလ္လာဘိုဟာ ကျန်းမာရေး အနည်းငယ် ချို့ယွင်းချက်ရှိတာကြောင့် ထိုင်းနိုင်ငံ ၊ ဘန်ဘောက်မြို့မှာရှိတဲ့ Pneumonia ဆေးရုံမှာ ဆေးကုသမှုခံယူနေရတာ ၂ပတ်ခန့်ရှိသွားပါပြီ။ သမီးကို ဆေးရုံတင်ထားတာ ၆ရက်ခန့်ရှိနေပြီး သမီးလေး နေမြန်မြန်ပြန်ကောင်းလာပါ အိမ်ပြန်ကြမယ် ဆိုပြီးလဲ ဇွန်လ ၁၁ရက်နေ့က သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ငယ်ငယ် ရေးသားခဲ့တဲ့ post လေးကတော့ ” ပိုးပိုး pneumonia နဲ့ ဆေးရုံတင်ထား ရတာ ၆ရက် ရှိပြီ. မြန်မြန် နေကောင်းတော့ သမီးလေးရေ အိမ်ပြန်ကြမယ် ” ဆိုပြီး ရေးခဲ့တာဖြစ်ပါတယ်။

ငယ်ငယ်ဟာ သမီးလေးကို ပိုးဝလ္လာဘို လို့နာမည်ပေးထားပြီး ချစ်စနိုးလေးနဲ့ ပိုးပိုးလို့ ခေါ်လေ့ရှိပါတယ်။ သူမလဲ ပိုးပိုးမေမေလို့ မိတ်ဆွေ အပေါင်းအသင်းတွေကြား နာမည်တွင်နေပါပြီ။ ငယ်ငယ်ဟာ သမီးလေး ကိုမွေးဖွားခဲ့စဉ်က ကိုယ်ဝန် (၃၃)ပတ်နဲ့ ဗိုက်အောင့်လာလို့ ဆေးရုံတက်ခဲ့ပြီး အဲ့ဒီနောက် သားအိမ်ပေါက် ထွက်သွားခဲ့ပြီး သမီးလေးကို အရေးပေါ်ခွဲစိတ်ကာ မွေးဖွားခဲ့ပါတယ်။

သမီးလေးဟာ သွေးထဲ နစ်နေတဲ့ အချိန်အရမ်းကြာသွားပြီး ကိုယ်တိုင်အသက်မရှုနိုင်လို့ အသက်ရှုစက်ပေါ်တင်ထားရပြီး အဆုတ်လဲ ခဲနေခါ နှလုံးမှာ သွေးကြော အပေါက်ကြီးပါနေခဲ့ပါတယ်။ အဲ့ဒီနောက် ဦးဏှောက် ထဲ အောက်ဆီဂျင် ပြတ်တာ အရမ်းကြာလို့ သမီးလေးကို ကလေးဆေးရုံမှာ ၁လခွဲ ကြာ ဆေးကုသခဲ့ရပါတယ်။ အဲ့ဒီနောက် ဆေးရုံကဆင်းပြီး အိမ်မှာဘဲ ပြုစုစောက်ရှောက်ခဲ့ကြပါတယ်။ (အမေများနေ့မှာ ငယ်ငယ်ရေးသား ခဲ့တဲ့ အမေစဖြစ်တဲ့အကြောင်း ဆိုတဲ့ post ကနေ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါတယ်။)

သမီးလေး ပိုးဝလ္လာဘို ဟာ အသက် တစ်နှစ်နဲ့ ၃လအရွယ်ရှိနေပြီး ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ပါ။ သူမ မြန်မြန် နေကောင်းလာဖို့ ဆုတောင်းပေးပြီး သူမ မေမေ အဆိုတော် ငယ်ငယ်ရဲ့ မွေးနေ့ဖြစ်လို့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ကြပါဦးနော်။

အချိန်ပေးပြီး ဖတ်ရှု့ပေးကြတဲ့ ပရိသတ်အပေါင်း ကိုကျေးဇူးအထူးတင်ရှိပါတယ်။

Source – Nge Nge’s fb

(Visited 16442 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ