Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဗေလုဝ သေဆုံးတယ် ဆိုတဲ့သတင်းမှာ သတင်းအမှားသာဖြစ်

ဟာသသရုပ်ဆောင် လူရွှင်တော်ဗေလုဝဟာ ဇန်နဝါရီလ ၁၁ ရက်နေ့က လေဖြန်းရောဂါကိုစတင်ခံစားရပြီးနောက် ဦးနှောက်သွေးခဲကာသတိလစ်သွားခဲ့ပြီး မှတ်ဥာဏ်အနည်းငယ်ချို့ယွင်းခဲ့တဲ့ရောဂါဝေဒနာကို ခံစားနေရပါတယ်။ သူဟာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ပုံဖော်ရိုက်ကူးနိုင်သူ ဖြစ်ပြီး အနုပညာအပြင် စာပေဟောပြောပွဲတွေမှာလဲ အရမ်းကို နာမည်ကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။

သူရဲ့ကျန်းမာရေးအခြေအနေဟာ အစပိုင်းမှာ အရမ်းကို စိုးရိမ်ခဲ့ရပေမယ့် ယနေ့မနက်ထိကြားသိရတဲ့ သတင်းများအရတော့ သတိရနေပြီး မှတ်ဥာဏ်အနည်းငယ် ချို့ယွင်းနေတာကလွဲရင် အားလုံးက ပုံမှန်အတိုင်းဘဲလို့သိရပါတယ်။ သို့ပေမယ့် ယနေ့ ညပိုင်း မှာတော့ သေဆုံးပြီဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ယခုထွက်ပေါ်နေတဲ့သတင်းမှာ အစစ်အမှန်မဟုတ်ကြောင်းကို ဗေလုဝနဲ့ အနီးကပ်ရှိနေတဲ့ မိတ်ဆွေအပါင်းအသင်းတွေက ပြောလာကြသလို ဇနီးဖြစ်သူကလဲ “မနေ့ကထက်စာရင် ဒီနေ့ သွေးကြောပိတ်တဲ့ နေရာက ပိုကြီးလာတယ်။ အခြေအနေက စိုးရိမ်ရတယ်။ အထူးကြပ်မတ်ဆောင် ICU ထဲ ထည့်ထားပါတယ်။ ဆရာကြီး ဦးစောဆိုင်မွန်သာနဲ့ ကုသမှု လုပ်ပါမယ်။ ဘန်ကောက် သွားကုဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်တွေ့ချင်တယ်။ သူ့ပရိသတ်တွေလည်း နေမြန်မြန်ကောင်းအောင် ဆုတောင်းပေးကြပါ”လို့ ပြောခဲ့တယ်လို့ သိရပါတယ်။

လူရွှင်တော်ဘဝကနေ ဟာသသရုပ်ဆောင် ဗေလုဝရယ်လို့ဖြစ်လာခဲ့ပြီး ဘီလူး ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေက ပိုပြီး သိရှိခဲ့တာဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ဟာသကားတွေများစွာရိုက်ကူးလာပြီး ဇာတ်ပို့ အကယ်ဒမီထူးချွန်ဆုကိုလဲ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ”လယ်သူမ”ဆိုတဲ့ ကျေးလက်ထမင်းဆိုင်ကို ဖွင့်လှစ်ထားပါတယ်။

ဗေလုဝရဲ့ ချစ်ပရိသတ်တွေအနေနဲ့ ဗေလုဝရဲ့ ကောလဟာလ သတင်းတွေကို မယုံကြည်ကြဘဲ အမြန်ဆုံးနေကောင်းသက်သာလာအောင် ဆုတောင်းပေးကြရအောင်နော်။

Snow(mcc)
Source – ဧရာဝတီ

(Visited 335 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ