ဗုံးထိပြီး သေဆုံးသွားတဲ့ သားအမိပုံကို ကြည့်ပြီး စောက်ရမ်းတင်းတယ် ဆိုတဲ့ လင်းလင်း

ပရိသတ်တွေချစ်ကြတဲ့ အမွှာလေးတို့မေမေ နဲ့ ဖေဖေ ဖြစ်တဲ့ ချစ်သုဝေ နဲ့ လင်းလင်းတို့ဟာ ဟိုးအရင်ထဲကလဲပရိသတ်တွေရဲ့အခက်အခဲတွေကို လူလူချင်းစာနာသနားတဲ့စိတ်လေးနဲ့ ကူညီခဲ့ကြပေမယ့် သမီးလေးတွေကို မွေးဖွားလာပြီးနောက်မှာတော့ မိဘဆိုတဲ့စိတ်ကလေးနဲ့ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ ကလေးငယ်လေးတွေ ရဲ့ ဘဝတွေကိုပါ စာနာမှုတွေအရမ်းကိုများလာခဲ့ကြပါတယ်။ ယခုအခါမှာလဲ ချစ်သုဝေက မနေ့ကညက သူမရဲ့ဖေ့စ်ဘုတ်ကနေ မုန့်ဖက်ထုပ်ရောင်းနေတဲ့ သားအမိနှစ်ယောက်ကို ကြည့်ပြီး မျက်ရည်ကျခဲ့တယ်ဆိုတဲ့ ခံစားချက်ကို ရေးသားဖော်ပြလာခဲ့ပါတယ်။

ချစ်သုဝေပြောတာကတော့ ”မုန့်ဖက်ထုပ်ပူပူလေး…မနေ့ညက သမီးလေးတွေသိပ်ပြီးတော့မုန့်ဖက်ထုပ်စားချင်လာပါရော..ယောကျာ်းကရှာဝယ်ပေးမယ်ဆိုပြီး နေတဲ့ သင်္ဃန်းကျွန်းကနေ နေရာစုံ နောက်ဆုံးတရုတ်တန်းလသာထိ ရှာတယ်ပေါ့လေ..မတွေ့..ဒီနေ့ နေ့လည်ကျ သူကမကျေပွဲ..ကိုယ့်ရှေ့ မုန့်ဖက်ထုပ်ပူပူလေး ရောက်လာတယ်..

ဒီည သူခရီးပြန်ထွက်တော့ အိမ်မှာကျန်ခဲ့တဲ့ကိုယ်ဟာ အပူအပင်ကင်းကင်းအိပ်ပျော်နေတဲ့သမီးလေးတွေဘေးမှာ.. ယောကျာ်းကိုလွမ်းလို့,, မိသားစုအတူအမြဲနေချင်လို့,, အိမ်စခွဲကာစမို့ မေကြီးတို့ကိုလွမ်းလို့,,တစ်နေကုန် အပြင်အလုပ် အိမ်အလုပ် ပင်ပမ်းလို့,,,စထားခါစဖြစ်နေတဲ့စီးပွားရေးလေးအတွက်ရှေ့ရေးတွေတွေးပူလို့,,သမီးလေးတွေရဲ့ရှေ့ရေးအတွက်ပူလို့,,,လောဘပေါင်းများစွာနဲ့ မုန့်ဖက်ထုပ်ကိုစားရင်းတွေးချင်ရာတွေး,,ပူချင်ရာပူနေတုန်း..ကိုယ့်ကွန်ဒိုလေးက ရပ်ကွက်လမ်းပေါ်က အသံကြားမိလိုက်တယ်..

“မုန့်ဖက်ထုပ်ပူပူလေး..” အမျိုးသမီးတစ်ယောက်အသံ,,
(ဪ ငါ့နဲ့နော်..စဉ်းစားလို့မဆုံးခင်လေး..)နောက်ထပ်အသံတစ်ခု နောက်ကလိုက်လာတယ်..”မုန့်ဖက်ထုပ်ပူပူလေး..” ၅နှစ်လောက်လို့ခန့်မှန်းရတဲ့ကလေးအသံလေးနဲ့…

တံခါးကိုဖွင့် လမ်းပေါ်လှမ်းကြည့်မိတော့…မုန့်ဖက်ထုပ်တောင်းလေးကိုခေါင်းမှာရွက်,,သားလေးကိုလက်ကတစ်ဖက်တွဲ သားအမိ၂ယောက်ကို ကျွန်မမြင်တော့.. မျက်ရည်ဟာအလိုလိုစီးကျလာတယ် ကျွန်မလိပ်ပြာကကိုယ့်ကိုယ်ကိုရှက်စေတယ်..””မုန့်ဖက်ထုပ်ပူပူလေး…”” အသံက ဝေးသထက်ဝေး…ကျွန်မအတွေးတွေကကျယ်သထက်ကျယ်…သေချာတာကတော့ ကျွန်မပင်ပမ်းတယ် အနာဂတ်အတွက်တွေးပူတယ်ဆိုတာမျိုးတွေညည်းတွားဖို့ ရှက်တတ်သွားပြီ… လူဆိုတာ ဘယ်လိုအနေအထားမျိုးပဲဖြစ်ဖြစ် ဘဝကိုအရှုံးမပေးပဲ ရုန်းကန်နေရတာမှ ဘဝအစစ်?ကလေးလေးတွေအားလုံးရဲ့ဘဝတွေဟာတူညီနေရင်သိပ်ကောင်းမယ်…” လို့ဆိုပြီး သူမရဲ့ခံစားချက်တွေကို ရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက် ယောကျာ်းဖြစ်သူ လင်းလင်းက ” ချစ်လိုက်တာ ငါ့မိန်းမရယ် လူရဲ့ အပူကို လူတွေခံစားရတယ်,, ခံစားပြီး နိုင်သလောက်မျှဝေရတယ်,,ဒါကိုလူလို့ခေါ်တယ်,, ငါတို့ လူပီသဖို့လိုတယ်။ လူတွေဟာ လူပီသအောင်လဲ အမြဲကြိုးစားနေရမယ်။လူအချင်းချင်း မှားလို့ရတယ် မကောက်ကျစ်ရဘူး,, မှားလို့ရတယ် မယုတ်မာရဘူး,, မှားလို့ရတယ် အောက်တန်းမကျရဘူး,,ဒီမဏ္ဍိုင်ပေါ်မှာ ငါတို့လိပ်ပြာသန့်နေသရွေ့ကျန်တာဘာမှ စောက်ဂရုစိုက်စရာမလို

သိပ်ဝမ်းသာတယ် မိန်းမရေ။ မင်းကို စောက်ရမ်းချစ်တယ်။ Lov u Hon ကလေးတွေအတွက်ဘဲ အဓိကထား အလှူလုပ်မယ့် ငါတို့ရည်ရွယ်ချက်တွေလဲ ဒီထပ်ပိုချဲ့ထွင်နိုင်အောင်ကြိုးစားရမယ်ဟေ့,,( စိတ်ထဲမှာတော်တော်အစာမကျေဘူး,,ဗုံးထိပြီး ဆုံးပါးသွားတဲ့ ကလေးနဲ့ သားအမိပုံကြည့်ပြီး စောက်ရမ်းတင်းတယ် )” လို့ဆိုကာ သူ့ရဲ့ ဖခင်စိတ်နဲ့ခံစားမိတာတွေကိုလဲ ပြောပြလာခဲ့ပါတယ်။

ဒီလို နူးညံ့သိမ်မွေ့တဲ့နှလုံးသားပိုင်ရှင်တွေဖြစ်ကြတဲ့ ချစ်သုဝေနဲ့ လင်းလင်းတို့ မိသားစုလေးကို ချစ်တယ်ဆိုရင် ပရိသတ်ကြီးက မျှဝေသွားဖို့ မမေ့ပါနဲ့နော်။

Source – chit thu wai’sfb ,LynnLynn ‘sfb

(Visited 897 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ