Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဗိုက်ပူအောင်လုပ်ပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်း ပြောပြလာတဲ့ ကျော်ကျော်ဗိုလ်

ပရိသတ်တွေရဲ့ ချစ်ခဲ့မှုကို ရရှိထားတဲ့ ကျော်ကျော်ဗိုလ်က ကျရာဇာတ်ရုပ်ကို ဇာတ်ကောင်စရိုက်ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သူတစ်ယောက်ပါ။ သူဟာ ဟာသကားတွေနဲ့ ပရိသတ်တွေကြားမှာ ရှိနေတက်ပေမယ့် ယခုနှစ်ပိုင်းတွေမှာတော့ ဒရမ်မာကားတွေမှာ အစွမ်းကုန်ကြိုးစားလာတာတွေကို တွေ့မြင်ရမှာပါ။

အဆို၊အက၊ သရုပ်ဆောင်မှု စတာတွေကို အကောင်းဆုံးနဲ့ အပိုင်နိုင်ဆုံး လုပ်ဆောင်တက်တဲ့ အနုပညာရှင်စစ်စစ်ကြီးပါနော်။ သူက ဇာတ်ရုပ်တစ်ခုကိုပုံဖော်ဖို့အတွက် အမိုက်စားခန္ဓာကိုယ်ကြီးကို ဗိုက်ပူကြီးဖြစ်အောင် လုပ်ခဲ့တဲ့ ပုံရိပ်တစ်ချို့ကို ပရိသတ်ကြီး မှတ်မိမယ်ထင်ပါတယ်။

သူဟာ ရုပ်ရှင်ကားကြီးတစ်ခုအတွက် အကောင်းဆုံးပြင်ဆင်ခဲ့ပြီး သူပြင်ဆင်ခဲ့ရတဲ့ အကြောင်းအရာတွေကို လဲ သူက “ ကျွန်တော့်အတွက်စိန်ခေါ်မှု့များစွာဖြစ်စေခဲ့သောရုပ်ရှင်ကား ကျွန်တော့်အတွက် ဇာတ်ကောင်စရိုက် ပိုမိုပီပြင်စေဖို့ အိုက်တင်နည်းပြဖြင့် အကြိမ်ကြိမ်ဆွေးနွေး ညှိနှိုင်းကြိုးစားပုံဖော်ခဲ့ရသောရုပ်ရှင်ကား”

” ကျွန်တော့်အတွက် ရုပ်ပိုင်းဆိုင်ရာအထင်ရှားဆုံးပြောင်းလဲမှု့အဖြစ် ခန္ဓာကိုယ် အလေးချိန်များစွာ တိုးစေ၍ သရုပ် ဆောင်ခဲ့ရ သောရုပ်ရှင်ကား ၊ ကျွန်တော့်အတွက်စိတ်ကူးစိတ်သန်းကောင်းများစွာဖြင့် အမြဲလန်းဆန်း တက်ကြွနေသောလူငယ်များဖြင့် ပူးပေါင်းဖန်တီး နိင်ခဲ့သောရုပ်ရှင်ကား ကျွန်တော့်အတွက် … ကျွန်တော့အတွက် ပေါင်းများစွာဖြင့် … အားလုံးရှေ့တော်မှောက် သို့မကြာမှီ ရောက်ရှိလာပါတော့မည်ခင်ဗျာ” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် သူက ထပ်မံပြီး ”ကျွန်တော့်အတွက်ရုပ်ပိုင်းဆိုင်ရာအထင်ရှားဆုံးပြောင်းလဲမှု့အဖြစ်ခန္ဓာကိုယ်အလေးချိန်များစွာတိုးစေ၍သရုပ်ဆောင်ခဲ့ရသောရုပ်ရှပ်ရှင်ကား အားလုံးရှေ့တော်မှောက်သို့မကြာမှီရောက်ရှိလာပါတော့ မည်ခင်ဗျာ ?” လို့လဲ ဆက်လက်ရေးသားခဲ့ပါတယ်။

လတ်တလောမှာတော့ ကျော်ကျော်ဗိုလ်ဟာ နေတိုး၊ရွှေထူး၊ ထူးအောင်တို့နဲ့ အတူစစ်ကားတစ်ကား အတွက် အကောင်းဆုံးပြင် ဆင်နေကြပါတယ်။ ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – kyaw kyaw bo’sfb

(Visited 1010 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ