Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဗိုက်ပူလို့စိတ်ညစ်နေသူတွေကို နည်းလမ်းကောင်းပေးလိုက်တဲ့ နဒီရွှေရည်

ပရိသတ်တွေကြားမှာ လူချစ်လူခင် ပေါများပြီး အနုပ ညာလောကမှာလဲ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ သရုပ်ဆောင် ၀တ်မှုံရွှေရည်ရဲ့ ညီမဖြစ်သူ နဒီရွှေရည်က ယခုနောက်ပိုင်းမှာတော့ Beauty Blogger အဖြစ် လုပ်ဆောင်​နေပြီး အလှအပရေးရာနဲ့ ပတ်သက်လို့ အမြဲလေ့လာနေတဲ့သူလဲဖြစ်ပါတယ်။ သူမက ကလေးတစ်ယောက်မေ​မေ ဖြစ်ပြီး ကလေးမွေးပြီး ဗိုက်ပူတဲ့ ကလေးမေမေတွေအတွက် နည်းလမ်းကောင်းလေးတစ်ခု မျှဝေလာခဲ့ပါတယ်။

သူမပြောပြခဲ့တာကတော့ “သားသားလေး တွေ မီးမီးလေး တွေရဲ့ မေမေ များအတွက် review လေးပါနော် 💋 ကေးရဲ့ လျှို့ဝှက်ချက်လေးကို ပြောပြမယ်နော် 🤗😄 ကေးအခုလို ဗိုက်ကလေး ချပ်သွားတာဘယ်သူကြောင့်လို့ဆိုတော့ Two babies ကြောင့်ပါအားလုံးက လည်း ဒီ Two babies လေးရဲ့ review ကိုsharing လုပ်ပေးပါအုန်းဆိုလို့ ပြောပြမယ်နော်🥰”

“ကေး သားသား လေးကို မွေးထဲက ဒီဗိုက်စည်း လေးကို သုံးဖြစ်ခဲ့တယ် ဒါတောင်အသိနောက်ကျတာ သားသားလေး တစ်လ နေတော့ ကေးရဲ့ အမ က အမရဲ့သူငယ် ချင်း တစ်ယောက်က ဒါလေးသုံးတယ် နင်စမ်းသုံးကြည့်ပါ လား ဆိုပြီး ဟိုရှာဝယ်ဒီရှာဝယ်ရင်နဲ့ ဝယ်တဲ့ဆိုင်က အမ က လည်း ဒီပစ္စည်းလေးက တော်တော်သုံးကြတယ် ဆိုင်မှာ အတော် ရောင်းရတဲ့ပစ္စည်းဆိုတော့ ကေးလည်း စမ်းဝယ်ခဲ့တယ် အစ က ဝယ်လာ တုန်းက တိုင်ပတ်သေးတယ် ခါးပတ်ကသုံးခုတောင်ဆိုတော့ဘယ်လိုပတ်ရမှန်းမသိဘူးလေ ဗူးထဲက ပါတဲ့အညွှန်းစာရွက်အတိုင်းတော့လိုက်ပတ်ကြည့်တာပေါ့”

“နောက် မှ Facebook မှာ ရှာကြည့်တော့ မှ Two babies နဲ့ပတ်သက် တာတွေသူများတွေတင်ထားတာတွေရယ် သူရဲ့ pageလေးပါရှာတွေ့တယ် ဝင်ကြည့်လိုက်တော့ ဗိုက်စည်း နည်းလေးပါ တွေ့တော့ ဟန်ကျသွားတယ် မစည်းတတ်တာနဲ့အတော်ပဲဆိုပြီး ဗိုက်စည်းနည်းကို video လေးပါ တင်ထားတော့ပိုအဆင်ပြေတာပေါ့ ကွယ် အရမ်းးးး 😅😇 ကေး ကသားသား လေးကို ဗိုက်ခွဲမွေးခဲ့တာ ဆိုတော့ ဒီဗိုက်စည်းလေးက အဆင်ပြေ ပါ့မလား ချုပ်ရိုး ကို ထိပီးတင်းနေရင်နာ မလား ဆိုပြီး စိုးရိမ်ခဲ့တယ် “

“တကယ်လုံးဝ ကို မနာတာပါ ဝတ်ရတာလည်း သက်တောင့်သက်သာရှိတယ် ကေးတို့လို ဗိုက်ခွဲမွေးတဲ့ သူတွေအတွက် အဆင်ပြေဆုံး ဗိုက်စည်းလေးပါ 🤗🥰 ကေးက သားသားလေးကို မွေးပီးပီချင်း ဗိုက်ကလည်း နာ ဗိုက်ကြီးကလျော့တိလျော့ရွဲ ပျော့တွဲကြီး ပေါ့ ဗိုက်စည်း မစည်းထားရင်ကိုယ့်ဗိုက် က ထောက်တိုင်မရှိတဲ့ စက်ဘီးလိုပေါ့ ပျော့တွဲကြီးနဲ့ လမ်းလျှောက်ရင်ဗိုက်လှုပ်သွားမှာစိုးလို့နာမှာကြောက်လို့ အဲ့တုန်းကဆို ဗိုက်စည်းနဲ့မှ စည်းထားမှနေလို့အဆင်ပြေ တယ်😅😫”

” ကေး လေ သားသားမွေးခါစတုန်းက ဗိုက်စည်းကိုတံဆိပ်အမျိုး မျိုး သုံးဖူးတယ် ဗိုက်စည်းကစည်း နေ တုန်း ကတော့ အိုကေ ပဲ စည်းတာ ကြာလာလို့ရှိရင် စည်းထားတဲ့နေရာကနေရွေ့ပြီးချောင်သွားရတာနဲ့ လိပ်ပြီး အပေါ်တက်သွားရတာနဲ့ စည်းထားတာ မကျပ်တော့လို့ ချောင်လို့ပြန် စည်းရတာနဲ့ အလုပ်ကိုရှုပ်လို့တစ်ရက် ရက်ဒီဗိုက်ပြန်စည်းရတာနဲ့အချိန်ကုန်တယ် ဒီ Two babies လေးနဲ့တွေ့တော့မှ ခဏခဏမစည်းရတော့ ဘူး သက်တောင့်သက်သာလည်း ရှိတယ် “

“ဘာလို့ ဗိုက်ခွဲ မွေးရတဲ့သူအတွက်အကောင်းဆုံး ဗိုက်စည်း ဆိုပြီးပြော ရလဲဆိုတော့ သူ့ မှာက ကေးပြောခဲ့ သလို မျိုး ဗိုက်စည်းတစ်စုံ ဘူးထဲမှာ stomach belt ရယ် abdomen belt ရယ် pelvic beltရယ်ဆိုပြီး သုံးမျိုး ပါတယ် အဲ့ pelvic belt လေးက နေစ စည်း ပေးရတာပေါ့နော် သူက ခွဲကြောင်းပေါ်ကနေ ဖိပြီးစည်းပေးရတာဆိုတော့ ချုပ်ရိုးကြောင်းအနာကိုသက်သာစေတယ် လမ်းလျှောက်ရင် ချုပ်ရိုးမနာတော့ ဘူးလေ ကေးတော့ တစ်နေ့ကို ၅နာရီလောက်စည်းပေးဖြစ်တယ် ကေးစည်းခဲ့တဲ့ ရိုးရိုး ဗိုက်စည်း တွေက ကြတော့ ဗိုက်တစ်နေရာတည်းကို ပဲစည်းပေးထားတော့ သားအိမ် ကောင်း ကောင်းမကျုံ့တော့ ဗိုက် မချပ်ဘူးပူနေရော “

” ဒီ သုံးထပ်ဗိုက်စည်းလေးက ရင်သားအောက်ကနေ ဆီးစပ် အထိ စည်းထားပေးတာ ဆိုတော့ သား အိမ်တစ်ခုလုံးကို မြန်မြန်ကျုံ့စေတော့ဗိုက်ကို ချပ်သွားတယ် သူက ကပ်ခွာနဲ့ဆိုတော့ အဆင်ပြေတယ်လေ လိုသလို ကပ် ပီးသုံးလို့ရတယ် ကေးသုံးလာတဲ့တစ်လျှောက်လုံးမှာဖွာမထွက်သွားဘူး ကလေးမွေးပီးပီချင်း ကေးရဲ့ ဗိုက်ကြီးဆို ပူဖောင်း လေလျှော့ သွားသလိုပဲ ပူပီးလျောတွဲကြီးကျန်ခဲ့တာ ဗိုက်ကလဲ အရင်က လိုချပ် ချင်အလှကလည်းကြိုက် ဆိုတော့ ချပ်ပါ့မလားဆိုပြီးစိတ်ပူနေခဲ့တာ ဗိုက်စည်း တွေ အမျိုးမျိုးဘယ်လောက် “

” သုံးသုံးဗိုက်ကမချပ်သွားဘူး ဒီ သုံးထပ်ဗိုက်စည်းနဲ့မှ တော်တော်လေး သိသာတယ် ဗိုက်လေး အတော်ချပ်သွားတယ် ။ ဒီလို၃ထပ်ဗိုက်စည်းလေးတွေ ကိုတခြားနိုင်ငံတွေမှာလဲ သုံးကြတယ် မြန်မာနိုင်ငံမှာ အခုမှ လူသိများလာတာဆိုတော့ တချို့က သုံးသင့်မှနိမသိကြဘူးပေါ့ ကေးသိသလောက်တော့ဆရာဝန်တွေကလည်းဒီဗိုက်စည်းလေးကိုစည်း ခိုင်းကြတယ် “

” ဒါတောင်အသိနောက်ကျတာနော် အသိများ မနောက် ကျရင် ဒီထက်ချပ်နေမှာ Two babies ကိုတကယ်ကျေးဇူးတင်တယ် ဗိုက်လေး ချပ်ပြီးလှနေလို့ အခုထိလည်းသုံးနေတုန်းပါပဲ ရှင် ကလေးမွေးပြီး ဗိုက်ပူမှာကြောက်တဲ့ကေးတို့လိုမေမေ တွေအတွက် Two babies လေးက တော့ ရှိသင့်တယ်လို့ ကေးတော့ recommend ပေးပါ တယ် ရှင့် မေမေ တို့ ရေ sharing is caring လေနော် 😉☺️💞 i love you to all the wonderful mothers out there 🥰😘 ချစ်တဲ့ကေး ” လို့ဆိုပြီး ရေးသားခဲ့ပါတယ်။

ချစ်တဲ့ ပရိသတ်တွေက ဗိုက်ပူလို့စိတ်သောက ရောက်နေတဲ့ သူတွေကိုပြန်လည်မျှဝေသွားဖို့မမေ့ပါနဲ့နော်။ အားလုံးကိုကျေးဇူးပါ ။

Snow(mcc)

Source – nadishweyi’s fb

(Visited 56494 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ