Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဗစ်တိုးရီယားလေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့ အနုပညာရှင်များ

နေပြည်တော်မှာဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေကြားမှာ အရမ်းကို ဂယက်ထနေခဲ့ပါတယ်။ အဲ့ဒီအမှုနဲ့ ပတ်သက်ပြီး တရားခံကို တရားဆွဲဆိုထားပေမယ့် စစ်မှန်တဲ့ တရားခံမဟုတ်သေးဘူးဟု ပြည်သူအများက ခံယူထားပါတယ်။ ဒါ့ကြောင့် စစ်မှန်တဲ့ တရားခံဖြစ်ဖို့ ယနေ့ ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြပါပြီ။

အဲ့ဒီသက်ငယ်မုဒိမ်းမှုကို တရားခံအစစ်အမှန်ပေါ်ပေါက်ရေးနဲ့ တရားခံအမြန်ဆုံးဖမ်းဆီးနိုင်ရေးတို့ကို အဓိကထားပြီး ကြိုးစားဆောင်ရွက်နေကြပါတယ်။ အဲ့ဒီလိုဆောင်ရွက်နေကြသူတွေထဲမှာ အနုပညာရှင်များစွာပါဝင်နေပါတယ်။ ယနေ့ ဆန္ဒပြနေတဲ့ ပြည်သူတွေထဲမှာလဲ အနုပညာရှင်တွေဖြစ်ကြတဲ့ ခိုင်နှင်းဝေ၊ မျိုးစန္ဒီကျော် ၊ ဇာဇာထက် နဲ့ အခြားသော အနုပညာရှင်တစ်ချို့ ပါဝင်လာတာကိုတွေ့ရပါတယ်။

ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေထဲကမှ ခိုင်နှင်းဝေကတော့
” ကလေးတိုင်းရဲ့ ဘဝလုံခြုံဖို့အတွက်နဲ့ သက်ငယ်မုဒိမ်းခံစားခဲ့ရတဲ့ သမီးလေးများအပါအဝင် Victoria လေးအတွက် မိခင်များထဲကမိခင် တယောက်အဖြစ် ဝန်းရံပေးခဲ့ပါတယ်..” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြထားခဲ့ပါတယ်။

ဖတ်ရူ့ပေးကြတဲ့ ချစ်ပရိသတ်ကြီးလဲ ဗစ်တိုးရီးယားလေးအတွက် ဆုတောင်းပေးလိုက်ကြပါဦးနော်။

Source – Khine hinnwai’sfb

(Visited 2698 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ