ဖြိုးမြတ်အောင် နှုတ်ထွက်ရခြင်းအကြောင်းကိုပြောပြလာတဲ့ မြမြ

ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ မြမြရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး မင်းသားအပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကတော့ myanmar idol season 3 ရဲ့ winnerဖြစ်သူဖြိုးမြတ်အောင် ကို သရုပ်ဆောင်အသစ်တစ်ယောက်အနေဖြင့် ကမ်းလှမ်းခဲ့ပြီးနောက် ရုပ်ရှင်ကန်တော့ပွဲ လုပ်ပြီးချိန်မှာတော့ သူ့အနေနဲ့ ဂီတဘက်မှာ လစ်ဟင်းသွားမှာစိုးရိမ်တာရော သရုပ်ဆောင်အလုပ်က သူ့ရဲ့ မေဂျာမဟုတ်တာကြောင့် ဂီတကိုသာ ရှေ့ဆက်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မြမြ ဖေ့စ်ဘုတ်စာမျက်နှာ မှာလဲ ” ဖြိုးမြတ်အောင်နှင့်ပုဂ္ဂိုလ်​ရေးပြဿနာဘာမှမရှိပါ။ သူဆက်လုပ်မယ့်အနုပညာလုပ်ငန်းများကို သူ၏ PMA မိသားစုဝင်များနှင့်အတူဆက်လက်အားပေးဝန်းရံသွားပါမည်” လို့ဆိုပြီး ရေးသားခဲ့ပါတယ်။

မြမြရုပ်ရှင်ဇာတ်ကား ဟာ ဖြစ်ရပ်မှန်အကြောင်းအရာ တစ်ခုကို အခြေခံထားပြီးရိုက်ကူးမှာဖြစ်လို့ ပရိသတ်တွေစိတ်ဝင်စားကြတာလဲဖြစ်ပါတယ်။ ဒါ့အပြင် ပါဝင်တဲ့ မင်းသားတွေက အသစ်ဖြစ်နေပြီး မင်းသမီးကတော့ သင်ဇာဝင့်ကျော်ဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာလဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ ဖြိုးမြတ်အောင်ရဲ့နေရာမင်းသားတစ်ယောက်ဘယ်သူဖြစ်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်နေပြန်ပါတယ်။ ပရိသတ်ကြီးရော စိတ်၀င်စား​နေပြီမို့လား။

Snow(mcc)
Source – mya ‘ sfb

(Visited 3894 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ