ဖြိုးပြည့်စုံ ဘက်ကနေရပ်တည်ပြီး အမှန်တရား ဖြစ်ပေါ်ဖို့ ဆုတောင်းပေးကြတဲ့ အနုပညာများ

ပရိသတ်တွေတင်မဟုတ်ဘဲ အနုပညာရှင်အချင်းချင်း ကလဲချစ်ခင်လေးစားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ဖြိုးပြည့်စုံက အနေအေးတဲ့သူတစ်ယောက်ဖြစ်တာကြောင့်မိတ်ဆွေအပေါင်းအသင်းတွေက နားလည်မှုလွဲပြီး ဖမ်းဆီးခံထားရတာ ဖြစ်တယ်လို့လဲ ​ထင်မြင်ယူစနေကြပါတယ်။ ဖြိုးပြည့်စုံ ဟာ အောက်တိုဘာလ ၇ရက်နေ့က မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဖမ်းဆီးမိတဲ့ ဆေးတွေက မူးယစ်ဆေးဟုတ်မဟုတ်ဆိုတာကိုတော့ စစ်ဆေးနေတုန်းဘဲဖြစ်တယ်လို့ သိရပါတယ်။

အနုပညာရှင်တွေရဲ့အားပေးဆုတောင်းစကားတွေ ကိုဖော်ပြပေးလိုက်ပါတယ်။

ချမ်းမြေ့မောင်ချို
သက်ဆိုင်ရာက တရားဝင်မထုတ်ပြန်သရွေ့ဘယ်ကောလဟာလသတင်းမှ မယုံကြပါနဲ့ဗျာ တစ်ဆင့်ပြန်လည်ဖြန့်ဝေခြင်းလည်း မလုပ်ကြပါနဲ့ဗျာ…
🙏🙏🙏

မီးနို
အသံ အိုးကြောင့်၃ လနားရမယ် လို့ သူ post တင်တာလွန်ခဲ့တဲ့ရက်ပိုင်းကတွေ့ပါတယ်။ အဲ့တွက်သောက်ရတဲ့ဆေးတွေမဖြစ်နိုင်ဘူးလား သူတစ်ပါးကိုယ့်ကြောင့်ဒုက္ခမရောက်မိပါစေနဲ့😔

ဟဲလေး
ဖြူစင်တဲ့ညီ​လေးအတွက်❣ အမှန်တရား…ရှိတယ်..ရှိကိုရှိရမယ်🙏

Rဇာနည်
မြန်မာနိုင်ငံသား ဖြစ်ရတာ မလုံခြုံပါ

ကော်နီ
ဘာမှဝင်မရေးရဲဘူး, ရှက်ရမ်းရမ်းခဲ့ရင်,ကိုယ့်ခလေးဘဲနစ်နာမှာစိုးလို့ပါ, ဒီခလေးဖြူစင်တာ, ကျွန်မတို့တလောကလုံးကသိပါတယ်, ရင်ထဲတော်တော်မကောင်းနေဘူး, ကြောက်စရာကောင်းလိုက်တဲ့စိတ်တွေ,,တဘက်လူဘာမှန်းမသိဘူး, ရေးလိုက်ကြတာ,ကိုယ်ချင်းစာစိတ်တွေမရှိကြတာအံ့သြလို့မဆုံးဘူး,ရင်ထဲတော်တော်ခံပြင်းမိတယ်,, တရားကိုနတ်စောင့်ပါတယ်, 🙏🏻

ဖြိုးပြည့်စုံ ရဲ့ admin
ကိုဖြိုးပြည့်စုံ အတွက် စိတ်ပူပေးကြတဲ့ ပရိသတ်များကို ကျေးဇူးတင်ပါတယ်။ သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်ချက် ရှင်းလင်းချက်များ မပြုလုပ်မီ စာနာစိတ်နှင့် နားလည်ပေးကြဖို့ အားလုံးကို အနူးအညွတ် တောင်းဆိုပါတယ်

နီနီခင်ဇော်
ကိုဖြိုးကို စိတ်ပူပေးကြတဲ့သူများ အားလုံး ခဏအချိန်ကလေး စောင့်ပြီး တိကျတဲ့ ဆေးစစ်ချက်အဖြေတွေထွက်လာတဲ့အထိ စောင့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ အမှန်တရားကိုစောင့်နေပါတယ်။ အကို့ကိုယုံကြည်ရင်း အကောင်းဆုံး ဆုတောင်းပေးပါ 🙏

ဝေကြီး
မဟုတ်တာတွေမပြောကြပါနဲ့ဗျာ သက်ဆိုင်ရာက
တရားဝင်မထုတ်ပြန်သရွေ့ ဘယ်ကောလဟာလသတင်းမှ မယုံကြပါနဲ့တစ်ဆင့်ပြန်လည်ဖြန့်ဝေခြင်းလည်း မလုပ်ကြပါနဲ့ဗျာ…
🙏🙏🙏🙏🙏

ခင်စုစုနိုင်
ကိုယ့်ကိုယ်ကိုထက်ပိုယုံကြည်ရတဲ့သူပါ မသေချာတဲ့အရာတွေအတွက်မမေးကြသေးပဲ စောင့်ကြည့်ပေးကြပါ🙏🙏🙏

Jewel

မဟုတ်တာတွေမပြောကြပါနဲ့ဗျာ သက်ဆိုင်ရာက တရားဝင်မထုတ်ပြန်သရွေ့ ဘယ်ကောလဟာလသတင်းမှ မယုံကြပါနဲ့တစ်ဆင့်ပြန်လည်ဖြန့်ဝေခြင်းလည်း မလုပ်ကြပါနဲ့ဗျာ… 🙏🙏🙏🙏🙏

ဖြိုးပြည့်စုံ ရဲ့ ပရိသတ်တွေကလဲ အမှုမှန်အမြန်ပေါ်ပေါက်ပြီး အန္တရာယ်ကင်းစေဖို့ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါဦးနော်။ ယနေ့မှာတော့ အဆိုတော်ဖြိုးပြည့်စုံကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ဗဟန်းမြို့နယ်တရားရုံးမှာ ပထမအကြိမ်ရုံးထုတ်ရမန်ယူခဲ့တယ်လို့ သိရပါတယ်။

Snow (mcc)
Source – celebrity’s fb

(Visited 5025 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ