Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဖေ့စ်ဘုတ်ပေါ်မှာ ဆဲပြီး အကုသိုလ် ယူနေသူတွေကို ပညာသားပါပါ ဆုံးမလိုက်တဲ့ ယွန်းဝတီလွင်မိုး

ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိထားတဲ့ အကယ်ဒမီ မင်းသားကြီး လွင်မိုးရဲမျိုးဆက်သစ် ဖြစ်တဲ့ မော်ဒယ် ယွန်းဝတီလွင်မိုးဟာ မော်ဒယ်ဘဝကနေ ဖခင်ဖြစ်သူရဲ့ အမွေကို ဆက်ခံတဲ့အနေနဲ့သရုပ်ဆောင်တစ်ယောက်အဖြစ်မကြာခင်တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ သူမက ယခုရက်ပိုင်းအတွင်း စိုးရိမ်စရာဖြစ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လူတွေက ဝေဖန်ဆဲဆိုမှုတွေမလုပ်ဖို့ ပြောပြလာခဲ့ပါတယ်။

သူ ပြောခဲ့တာကတော့ ” သူများတွေ နိုင်ငံအတွက် ဘာတွေကူညီနိုင်မလဲ စဉ်းစားပြီး ကူညီနေကြ ။ ပြင်ဆင်နေကြချိန်၊ volunteer အတွက်စာရင်းပေးထားကြချိန်။ စည်းကမ်းတွေ အတိအကျ လိုက်နာနေကြချိန်မှာ ။ဟိုလူတွေပြန်လာလို့ ၊ ဒီလူတွေကြောင့်၊ အပြစ်ထိုင်ပြော ၊ Facebook ကနေ ဆဲဆိုအကုသိုလ် များနေတဲ့သူတွေ ကိုယ့် Friend ထဲမှာတွေ့တယ်”

” ဈေးတွေမတန်တဆတင်ရောင်းနေတဲ့ online shop တွေတွေ့တယ်😣😣😣 ကိုယ့်နိုင်ငံသား ဘယ်သူမဆို ကိုယ်နိုင်ငံကို ပြန်လာတာ နွေးထွေးစွာကြိုဆိုရမှာပါ ။သာမာန်အလုပ်သမားတွေ ပြန်လာတာလဲ ကိုယ့်နိုင်ငံသားတွေပဲလေနော် ။သူတို့စည်းကမ်းတကျနေဖို့ကိုတော့အားလုံးကြိုးစား တိုက်တွန်းရမှာပေါ့နော်”

” ကလေးတွေအားလုံးလဲ ကိုယ့်မိဘဆီပြန်လာချင်ကြရှာမှာပဲလေ ။ ပြန်မလာနိုင်တဲ့ ကလေးတွေ ရော ပြန်လာကြတဲ့ကလေးတွေရော အားလုံး၊ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။ အားလုံးကိုယ်ချင်းစာစိတ်လေးထားပြီး ဒီခက်ခဲတဲ့ ကာလတွေကို ပူးပေါင်းဖြတ်ကျော်နိုင်ကြပါစေ🥰🥰” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

ယွန်းဝတီလွင်မိုးဟာ ပြည်ပမှာကျောင်းတက်နေပြီး ကျောင်းပိတ်ရက်တွေမှာ သားလေး ကို အချိန်ပေးနိုင်ဖို့ ပြန်လာခဲ့ပြီး အဲ့လိုပြန်ရောက်လာချိန်မှာ အနုပညာအလုပ်တွေကို လုပ်ဖြစ်သလို မကြာခင်မှာလဲ ရုပ်ရှင်ကားကြီးတစ်ကားကို ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Snow(mcc)
Source – yunn wadi lwin moe’sfb

(Visited 1723 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ