Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဖိုးဝ နဲ့ သီးမွှေးက တော့ ပရိသတ်တွေနဲ့ မစိမ်းတဲ့သူတွေပါ

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ The Mask Singer myanmar ပြိုင်ပွဲ ကြီးကတော့ ယနေ့မှာ ဆိုရင် မျက်နှာဖုံးရှင် ပြိုင်ပွဲဝင်တွေထဲက မျက်နှာဖုံးပိုင်ရှင် ၂ဦးကို ဖော်ပြခဲ့ပါပြီ။ မျက်နှာဖုံးရှင် နှစ်ဦးကတော့ ဖိုးဝ နဲ့ သီးမွှေးဘဲ ဖြစ်ပါတယ်။

ဖိုးဝကတော့ ပရိသတ်တွေထင်မထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပြီး အားလုံးက အံ့သြခဲ့ရတဲ့ သရုပ်ဆောင် အောင်လင်းထက် ဘဲ ဖြစ်ပါတယ်။ အောင်လင်းထက်ဟာ ရုပ်ရှင်ကားကြီးတွေ များစွာ ရိုက်ကူးပုံဖော်ခဲ့ပြီး ဇာတ်လမ်းတွဲတွေမှာလဲ သူ့ကို တွေ့မြင်လာရပါတယ်။

နောက်တစ်ယောက်ကတော့ သီးမွှေးပါ ။ သီးမွှေး ကတော့ ပရိသတ်တွေရော ဒိုင်တွေကပါ ထင်ကြေးပေးခံထားရတဲ့ အဆိုတော် ပိုပိုဟေသာဘဲ ဖြစ်ပါတယ်။ သီချင်းတွေကြားမှာ နာမည်ကြီးနေတဲ့ ပိုပိုဟေသာ ကတော့ သီချင်းအေးအေးလေးတွေ အချစ်သီချင်း မှာ ပရိသတ်တွေရဲ့ဝန်းရံမှုကိုရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

နောက်တစ်ပတ်မှာရော ဘယ်ပြိုင်ပွဲဝင်တွေက မျက်နှာဖုံးချွတ်ပြရမလဲဆိုတာကိုစောင့်ကြည့်ကြရအောင်နော်။ ကျန်ရှိနေတဲ့ မျက်နှာဖုံး ရှင်တွေကတော့ နဂါး၊ ဂြိုလ်သား၊ ဇော်ဂျီ၊ နာနတ်သီး တို့ဘဲ ကျန်ရှိတော့တာဖြစ်ပါတယ်။

Snow(mcc)

(Visited 14331 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ