Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဖခင် တစ်ယောက်ရဲ့ အချစ်ကို ပိုပြီးနားလည်လာတဲ့ ပိုးအိအိခန့်

ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချော ပိုးအိအိခန့်ဟာဆိုရင် နယ်ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိထားသူဖြစ်ပြီး သူမကိုယ်တိုင်ကလဲ သရုပ်ဆောင်တဲ့အပိုင်းမှာ ထူးချွန်လှပါတယ်။ ပိုးအိအိခန့်ဟာ တိုက်စစ်မှူး အောင်သူနဲ့ လက်ထပ်ခဲ့ပြီး သားလေးတစ်ယောက်ရရှိနေပြီ ဖြစ်ပါတယ်။

ခုလိုမိခင်တစ်ယောက် ဖြစ်နေသည့်တိုင်အောင် မိဘတွေရဲ့ ဂရုစိုက်ကြင်နာမှုကို ရရှိရလို့ သူမကြည်နူးနေပါတယ်။ အဲ့လိုကြည်နူးပီတိဖြစ်နေပုံကို ခုလိုဘဲပြောပြခဲ့ပါတယ်။

သူမပြောပြလာတာကတော့ ” အဖေက အခု မန္တလေးသွားနေတာ အလုပ်ကိစ္စနဲ့ဆိုပါတော့ အဖေ့ကို မေးစရာရှိတာနဲ့ ဖုန်းဆက်လိုက်တော့ မေးတဲ့ကိစ္စကို အရင်မပြောသေးပဲ သမီးအသံက ဘယ်လိုဖြစ်ရတာလဲတဲ့ နေမကောင်းဘူးလား အသံတွေ နာနေတာလား ဘယ်လိုဖြစ်တာလဲတဲ့ အအေးပက်တာလားတဲ့ ဆေးခန်းသွားပြ ဆေးသေချာသောက်ဦးတဲ့ ”

“အော်အဖေဆိုတာ……ဘယ်လောက်ပဲအလုပ်များနေနေ ဘယ်သူ့ရဲ့ မိန်းမပဲ ဖြစ်သွားဖြစ်သွား ကလေးဘယ်နှစ်ယောက်ပဲ မွေးမွေး သူ့အတွက် အမြဲတမ်း ဂရုစိုက်ရမယ့် သမီးလေးတစ်ယောက်အဖြစ် ရှိနေသေးတာပါလား…..” လို့ဆိုကာ ကြည်နူးဝမ်းသာစွာ နဲ့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာခဲ့ပါတယ်။

အိမ်ထောင်ကျ ပြီးတာတောင် မိဘတွေက ခုချိန်ထိ ဂရုစိုက်နေတုန်းဖြစ်ပြီး ကလေးလို ဘဲ ချစ်ပေးနေသေးတဲ့ အချစ်ခံနေရတဲ့ ပရိသတ်တွေရှိလားးး ပြောပြကြပါဦး။ ပိုးအိ လို အားလုံးကံကောင်းကျပါစေလို့ ဆုတောင်းပေးပါတယ်နော်။

Snow(mcc)
Source – poe ei ei khant’sfb

(Visited 876 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ