Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဖခင်ဖြစ်သူအတွက် ဂုဏ်ယူကြောင်း နောက်ဆုံးအနေနဲ့ ရေးသားလာတဲ့ ခင်စံပယ်ဦး

ပရိသတ်အခိုင်အမာရရှိထားတဲ့ အကယ်ဒမီ သရုပ်ဆောင် လူမင်းလို့ ဆိုလိုက်တာနဲ့ ခင်စံပါယ်ဦးကိုပါတစ်ပါထဲတွဲမြင်ကြတဲ့အထိ သူတို့ဇနီးမောင်နှံဟာ လူချစ်လူခင်ပေါများပါတယ်။ သူတို့မိသားစုလေးဟာ တည်ငြိမ်အေးချမ်းပြီး တွေမြင်ရသူတွေကိုစိတ်ချမ်းသာသုခကို ရရှိစေတာဘဲဖြစ်ပါတယ်။ ယခုအခါမှာတော့ သူတို့အတွက် ပူဆွေးသောကဖြစ်စရာတစ်ခု ဝင်ရောက်လာခဲ့ပါပြီ။

အဲ့ဒါကတော့ ခင်စံပါယ်ဦးရဲ့ ချစ်ရပါသော ဖခင်ဖြစ်သူ စံပယ်ဦး စာပေ ဦးတင်စိုးဟာ ယနေ့နံနက်ပိုင်းမှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါသတင်းကို ကြားသိရပြီးတဲ့နောက်မှာတော့ သမီးဖြစ်သူ ခင်စံပါယ်ဦးဟာ ဖခင်ဖြစ်သူရဲ့ ဘဝတစ်လျှောက်လုံးဖြတ်သန်းခံ့ရတဲ့ အကြောင်းအရာတွေကို ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ရေးသားခဲ့ပါတယ်။

သူမရေးသားခဲ့တာကတော့ ” စပယ်ဦး စာ​ပေ ဦးတင်စိုး နဲ့​ ​ဒေါ်သန်းသန်း ဆိုတာ ၈၈ အ​ရေးအခင်းကိုမှီခဲ့တဲ့ နိုင်ငံ​ရေးသမား​တွေ စာ​ပေ ရုပ်ရှင် ​လောကလူ​တွေ က​တော့​ပြောပြစရာမလို​အောင်မသိသူရှားပါတယ်။ (၉၀)ခုနှစ်​ကျောက်တံတားလွှတ်​တော်အမတ်အဖြစ်နဲ့နိုင်ငံ​ရေးလုပ်ခဲ့တယ်။ နိုင်ငံ​ရေးသမားအ​ဖေက အမြဲလွယ်အိတ်​လေးတစ်လုံးနဲ့သူအထုပ်​လေးကိုအမြဲပြင်ထားထုပ်ထားတတ်တယ်”

“သူ့ကိုလာဖမ်းရင်အဆင်သင့်လိုက်သွားလို့ရ​အောင်လို့တဲ့ကျမလူမှန်းသိတတ်ကတည်းက​လေးဘဝကအကြိမ်ကြိမ် အ​ဖေအဖမ်းခံရတယ်။ ​နှစ်ရှည်လများ​ထောင်ထဲမှာ​နေရတယ် အနှိပ်စက်ခံရတာ​တွေက​တော့အများကြီးမို့မ​ပြော​တော့ပါဘူး။ နိုင်ငံ​ရေးမလုပ်​တော့ပါဘူးလို့ခံဝန်လတ်မှတ်ထိုး​ပေးရင် ဘာအခွင့်အ​ရေး​တွေဘာစီးပွား​ရေး​တွေ​ပေးမယ် ဆိုလည်းအ​ဖေက ဘာလက်မှတ်မှမထိုးသလို ဘာအခွင့်အ​ရေးမှမယူခဲ့ဘူး။ ​ထောင်ထဲမှာနှစ်​ပေါင်းများစွာ​နေခဲ့ရတဲ့ဒဏ်​တွေ​ကြောင့်​အ​ဖေဟာကျန်းမာ​ရေးမ​ကောင်း​လို့NLDက​နေထွက်ခဲ့တယ်”

” အင်မတန်မှ ရိုးရှင်း​သောနိုင်ငံ​ရေးသမားကြီး 🙏 စာ​ပေ ရုပ်ရှင် ကိုမြတ်နိုး​သော🙏အ​ဖေ့အတွက် သမီး အမြဲဂုဏ်ယူ​နေပါတယ်🙏အ​ဖေ့အ​ကြောင်း​တွေမိရင်းဒီစာ​လေးကို​နောက်ဆုံးအ​နေနဲ့​ရေးမိပါတယ်🙏အ​ဖေ့ကိုကန်​တော့ပါတယ်​နော်🙏အ​ဖေပြုခဲ့တဲ့အလှုအတန်းကုသိုလ်​ကောင်းမှု​တွေ​ကြောင့်အ​ဖေမြင့်မြတ်တဲ့​အေးချမ်းဘုံဘဝကို​ရောက်ရှိပါ​စေ🙏” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

ချစ်တဲ့ ပရိသတ်တွေက သူမရဲ့သောကတွေပြေပျောက်စေဖို့ ခွန်အားစကားလေးတွေ ပြောပေးခဲ့ကြပါအုံးနော်။

Snow(mcc)
Source – ayarwady lu min’sfb

(Visited 22170 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ