ဖခင်ဖြစ်သူရဲ့ မွေးနေ့ကို ပျော်စရာတွေနဲ့ ဖန်တီးပေးခဲ့တဲ့ နေခြည်ဦး

ပရိသတ်တွေရဲ့ ထိုးနှက်မှုတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေရဲ့ကြားမှာ ရှင်သန်ခဲ့ရတဲ့ Beauty Blogger တဖြစ်လဲ သရုပ်ဆောင် နေခြည်ဦးဟာ သူမ ချစ်တဲ့မိသားစုနဲ့ ယနေ့မှာ ပျော်ရွှင်စွာဖြတ်သန်းလိုက်ပါတယ်။ သူမက အကြီးဆုံးသမီးပီသစွာ မိဘတွေအပေါ်သိတက်နားလည်ပေးမှုတွေကို ဖခင်ဖြစ်သူရဲ့ မွေးနေ့မှာ ပြောပြလာခဲ့ပါတယ်။ အဲ့ဒီနောက် ဖခင်ဖြစ်သူကို စကားလုံးလှလှလေးတွေ မွေးနေ့လက်ဆောင် အဖြစ်ပေးလိုက်ပါတယ်။

နေခြည်ဦး ရေးသားပြောပြထားတာကတော့ ” Happiest 53rd Birthday ပါ ဖေကြီး သက်ဦးမို့လို့ အရူးအမူးချစ်ခဲ့ပေမယ့် ဆိုးခဲ့တဲ့ သမီးကြီးကို လက်ညိုး တစ်ချောင်းနဲ့တောင် မတို့ခဲ့ဖူးဘူး။ ဘဝမှာ အစစအရာရာ မျက်နှာမငယ်ရအောင် မပြည့်မစုံဘဝထဲက ရုန်းကန်ကျွေးမွေးခဲ့တဲ့ ကျေးဇူးတွေကို သမီး အခုအချိန် ပြန်ရှာကျွေးနိုင်တဲ့ အချိန်မှာလဲ ဖေကြီးလိုချင်တဲ့ အချစ်တွေ မေတ္တာတွေ မိသားစုကို အချိန်ပေးဖို့တွေ ပိုလုပ်ပေးမယ်လို့ ဒီမွေးနေ့မှာ လက်ဆောင်အဖြစ်ပေးလိုက်မယ်နော် ”

” အပင်တွေ အကောင်တွေ မြေတွေ ဝယ်ပြီး ပိုက်ဆံအမြဲ လိုနေတဲ့ မေကြီးကိုလဲ သမီးဘဲ အမြဲဒီလိုလေး ရီမောနေအောင်ဂရုစိုက်လိုက်ပါ့မယ်။ အငယ်နှစ်ကောင်တော့ ဖေကြီး ကျွေးရဦးမှာပေါ့။ ချစ်တယ် ဖေကြီး ! ❤️❤️❤️ဒီဘဝမှာ ဖေကြီး သမီး ဖြစ်ရတာ သမီး ဂုဏ်အယူဆုံးဘဲ နောက်မွေးနေ့တွေမှာလဲ ဒီမိန်းမ ဒီသား ဒီသမီးတွေနဲ့ နောင်နှစ်ပေါင်း ၅၀ တူတူဖြတ်သန်းမယ်နော် ”လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

နေခြည်ဦးဟာ ယခုနှစ်တွေက သူမရဲ့ စန်းထနေတဲ့နှစ်တွေလို့ ဆိုရမှာပါ။ ရန်သူရုပ်ရှင်ဇာတ်ကားကြီးကနေ စတင်ပြီး ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ကားကြီးတွေ များစွာရိုက်ကူးလာရပါပြီ။ သူမကိုအားပေးတဲ့ပရိသတ်တွေကလဲ ယခင်ကထက် ပိုမိုများပြားလာခဲ့ပါတယ်။

ချီချီပရိသတ်တွေအတွက် ဒီအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ မျှဝေသွားဖို့မမေ့ပါနဲ့ ။

Source – nay chi oo’sfb

(Visited 36156 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ