Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဖခင်ဖြစ်သူကို လွမ်းတဲ့ အကြောင်း ပြောပြလာတဲ့ မင်းအုပ်စိုး ရဲ့ သမီးကြီး ရှင်တန်ခူးမေ

လူသတ်မှုနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံခဲ့ရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းအုပ်စိုးမှာ သမီးနှစ်ယောက်ကျန်ရှိခဲ့ပြီး သမီးကြီးလေး ရှင်တန်ခူးမေနဲ့ ရှင်နွဲ့နှောင်းမေ ဆိုတဲ့ သမီးလေးတွေပါ။ လက်ရှိမှာတော့သမီးကြီးလေး ရှင်တန်ခူးမေက ဖခင်ဖြစ်သူကို သတိရကြောင်း ဖခင်ရှိခဲ့စဉ်က အမှတ်တရတွေကို ပြန်လည်ပြောပြရင်း စာသားတစ်ချို့ရေးသားခဲ့ပါတယ်။

“တစ်ချိန်တစ်ခါတုန်းက မီးမီးဖေဖေအကျဉ်းသားမဖြစ်ခင် ဇာတ်လမ်းရေးသူ ဇာတ်ညွှန်းရေးသူ ကဗျာရေးသူ စာရေးသူ သရပါအယ်ဒီတာချုပ် ရုပ်ရှင်ဒါရိုက်တာ ရုပ်ရှင်သရုပ်ဆောင် ရုပ်ရှင်ထုတ်လုပ်သူ မက်ဂဇင်းထုတ်ဝေသူ ဖိုးစိန်ဂယ်လာရီပိုင်ရှင် ဆိုတဲ့အနုပညာရေစီးကြောင်းကြီးမှာ အရှိန်ပြင်းပြင်းကူးခတ်နေတဲ့ ဗိုလ်ကလေးသားကြီး မင်းအုပ်စိုးဘဝတုန်းကပုံလေးပါရှင့်”


“စကားဝိုင်းမှာပါဝင်ကြသူများကတော့ ဘဘဗိုလ်ကလေးတင့်အောင်ဘွားဘွားကြီးဒေါ်ခင်ရီ ဘဘမောင် ပေါ်ထွန်းဘဘတက်ကသိုစိန်တင် ဖေဖေအချစ်ဆုံးအတွေ့ချင်ဆုံး နေနော်အကယ်ဒမီဂီတမှုးခင်မောင်ကြီးအကယ်ဒမီဂီတမှုးမြန်မာပြည်ကျောက်စိမ်းဒူးပဲမြင်ရတာကတီတီဂျုလိုင်မိုးနဲ့ဝိုင်းအပြင်မှာစိုက်ကျကျထိုင်နေတာကတော့မီးမီးဖေဖေပါပဲရှင့် အဲ့လိုစကားဝိုင်းလေးတွေကိုဖေဖေရှိနေစဉ်တုန်းကသူ့ကျေးဇူးရှင်ဘဘဗိုလ်ကလေးတင့်အောင် စကားပြောရအောင်အပျင်းပြေရအောင်ဆိုပြီး တစ်လကိုတစ်ကြိမ်မီးမီးတို့ ခြံထဲမှာလုပ်ပေး လေ့ရှိပါတယ်ရှင့် ။ ဖေဖေရေလွမ်းလှပါပြီရှင့်”လို့ ဆိုကာ ရေးသားခဲ့ပါတယ်။


ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းအုပ်စိုး ဟာ ရုပ်ရှင်ကားတွေများစွာ ကို ရိုက်ကူးပုံဖော်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက သရပါ မဂ္ဂဇင်း ရဲ့ တာဝန်ခံအယ်ဒီတာ မတေးနုယဉ်သေဆုံးမှုနဲ့ ပတ်သက်ပြီး လူသတ်မှုဖြင့်တရားစွဲဆိုခံခဲ့ရကာ ၂၀၁၅ခုနှစ် ဇူလိုင်လ ၂၉ရက်နေ့မှာတော့ သူ့ကို ထောင်ဒဏ်တ စ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့တာဘဲဖြစ်ပါတယ်။


Snow(mcc)
Source – ရှင်တန်ခူးမေ

(Visited 168288 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ