Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဖခင်ဖြစ်သူကို လွမ်းတယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို နှစ်၂၀ကျော်လောက် ရရှိထားပြီး ယနေ့အချိန်ထိလဲ အောင်မြင်မှုက ထိပ်ဆုံးမှာဘဲရှိနေတာဖြစ်ပြီး အမျိုးသမီးပရိသတ်တွေရဲ့ အသဲကျော် စိုင်းစိုင်းခမ်းလှိုင်ဟာ ယနေ့မှာတော့ သူ့ရဲ့ဖခင်ဖြစ်သူကိုလွမ်းကြောင်းရေးသားခဲ့ပါတယ် ။ သူဟာ ဒီစာသားွေကို ၂၀၁၃ခုနှစ်ကလဲ ရေးသားခဲ့ဖူးပါတယ် ။

သူရေးသားခဲ့တာကတော့ ” ကျနော် ခြောက်တန်းနှစ်ရောက်တော့ အဖေက တစ်ချပ်မှောက်ကစားနည်းသင်ပေးတယ်။ ကျနော်တို့ နှစ်ယောက်တည်း နွေရာသီတစ်ခုလုံး ကစားကြတာပေါ့။ ဘဝတလျှောက် ဆုံးဖြတ်ချက်ချရမယ့်အခါတွေမှာ ဖဲဝိုင်းတစ်ခုလို ကျနော်ခန့် ခွဲတယ်။ ဖဲဝိုင်းတစ်ခုမှာ ကျန်ဖဲက probability ဖြစ်ပြီးတော့ ကြားဖဲက opportunity ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်လောက် Invest လုပ်မလဲဆိုတာနဲ့ ဘယ်လို monopolize လုပ်မလဲဆိုတာတွေရယ် emotion ကို ထိန်းချုပ်ဖို့နဲ့ အဟိန်းအဟောက် အခြိမ်းအခြောက်တွေလည်းပါဝင်ပါတယ် ”

” အောက်ဖဲက ကိုယ်ပိုင် Secret တစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ အားသာချက်လည်းဖြစ်နိုင်သလို အားနည်းချက်လည်းဖြစ်နိုင်တယ်။ ဖဲသမားကောင်းတစ်ယောက်ဖြစ်ဖို့ စိတ်တည်ငြိမ်ဖို့ စိတ်ရှည်ဖို့ သည်းခံဖို့ သက်လုံကောင်းဖို့ observationကောင်းဖို့ အထူအပါးနားလည်ဖို့ စသဖြင့် အရည်အချင်းကောင်းတွေအများကြီးလိုပါတယ်။ အရေးကြီးတာတစ်ခုက ဖဲရိုက်တဲ့အခါ လိုက်ရဲတာမှသတ္တိမဟုတ်ဘူး။ ပြေးရဲတာလည်းသတ္တိပဲတဲ့ လွမ်းတယ် အဖေရာ” လို့ ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

တောင်ကြီးသားလေး စိုင်းစိုင်းခမ်းလှိုင်ဟာ ပျိုပျိုမေတွေကြားမှာ သီချင်းတွေ ရုပ်ရှင်တွေနဲ့တင် အောင်မြင်နေတာမဟုတ်ဘဲ သူထုတ်တဲ့ အလှကုန်ပစ္စည်းတွေ​ကလဲ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာ နိုင်ငံရဲ့ အဆိုတော်တွေထဲမှာ အောင်မြင်မှုအများဆုံး မွေးနေ့ရှိုးပွဲကြီးကို (၁၅)နှစ်တိုင် လုပ်ဆောင်နိုင်ခဲ့သူလဲဖြစ်ပါတယ်။

Snow(mcc)

(Visited 2488 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ