Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဖခင်ဖြစ်သူကိုရည်စူးကာ သာသနာ့ဘောင် ဝင်ခဲ့တဲ့ မင်းသား စူးရှ

ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက ကွယ်လွန်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ကိုအောင်ဇော်ဟာ ဦးနှောက်သွေးကြောပြတ်တဲ့ ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ခဲ့ပြီး သူချစ်တဲ့ အနုပညာလောကကို သာမက ချစ်တဲ့ မိသားစုတွေကိုပါ အပြီးအပိုင် ခွဲခွာသွားခဲ့ပြီဘဲ ဖြစ်ပါတယ်။ သူ့ကို ရည်စူးပြီး သားဖြစ်သူ စူးရှက သာသနာ့ဘောင် ဝင်ခဲ့တယ်လို့ သိရပါတယ်။

စူးရှ ဟာ အဖေကိုချစ်တဲ့ သားတစ်ယောက်ဖြစ်ပြီး ခုလို ရုတ်တရက်ထွက်ခွာသွားခဲ့မိတာကြောင့် သူ့မှာယးူကြုံးမရဖြစ်နေခဲ့ပါတယ်။ စူးရှဟာ ဗီဒီယိုကားတွေ ရိုက်ကူးခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ ဖခင်ဖြစ်သူ ဖြစ်စေချင် တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပြီး လတ်တလောမှာတော့ ဖခင်ကို ရည်စူးကာ သာသနာပြုနေတယ် လို့လဲ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဦးအောင်ဇော်ဟာ ဇူလိုင်လ(၂၁)ရက်နေ့က ကွယ်လွန်ခဲ့ပြီး ဇူလိုင်လ(၂၃)ရက်နေ့မှာတော့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို မီးသဂြိႋုလ်ကာ အရိုးပြာအိုးကို ဂူသွင်းပြီး မြေမြှုပ် ပေးခဲ့တာဖြစ်ပါတယ်။

ဖတ်ရှု့ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Sue Sha’s fb

(Visited 389 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ