Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပျော်စရာကောင်းတဲ့ မိသားစုလေးတွေမြင်ရင် သမီးအတွက် ဝမ်းနည်းမိတယ် ဆိုတဲ့ အေသင်ချိုဆွေ

သမီး Ivy လေးအတွက် တကယ့်ကို မိဘပီသတဲ့ Single Mom အဖြစ်ရပ်တည်နေခဲ့တဲ့ အေသင်ချိုဆွေဟာ သမီးလေးကြီးလာတဲ့အခါ သူ့သူငယ်ချင်းတွေရဲ့ မိသားစုလေးတွေကိုကြည့်ပြီး သမီးလေးများ အားကျနေ မလား၊ ဝမ်းနည်းခံစား နေရမလားဆိုတာကို ခုချိန်ထဲက တွေးပြီး အေသင်တစ်ယောက်ဝမ်းနည်းနေရှာပါတယ်။ ဒါပေမယ့်လဲ သူမက မေမေတို့အတွက် အဖေဆိုတာ မလိုပါဘူး သမီးလေးရယ်ဆိုပြီးလဲ သူမကိုယ်သူမ နှစ်သိမ့်နေရှာပါတယ်။

ဒီအမေက ဒီသမီးလေးအတွက် ဘယ်လောက်ထိ ခွန်အားတွေရှိခဲ့ကြောင်း၊ သတ္တိတွေ ဘယ်လိုရှိခဲ့တယ် ဆိုတဲ့အကြောင်း ၊မိဘ၂ပါး ရဲ့အချစ်တွေကို ဒီအမေတယောက်တည်းက နေပဲသမီးကို အပြည့်အဝပေးမှာပါ။ သမီးမေမေက သမီးလက်ကိုဆွဲပြီး၊ သမီးမျက်နှာတခုတည်းကို ကြည်ြ့ပီး ကြုံလာသမျှ လောကဓံတွေကို ရဲရဲကြီးရင်ဆိုင်သွားမှာပါ၊ မေမေတို့ အတွက် မလိုအပ်ပါဘူး အဖေဆိုတာကို ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အေသင်ရဲ့ ချစ်ပရိသတ်ကြီးက အေသင့်ကို အားပေးစကားလေးတွေပြောပေးလိုက်ကြပါဦးနော်။

Snowpiki (MCC)

(Visited 29 times, 1 visits today)

About The Author

myanmarcelecrazy Myanmar Cele Crazy is a growing online entertainment channel delivering exclusive breaking news and in-depth coverage on Myanmar Celebrities

အခြားစိတ်ဝင်စားဖွယ်သတင်းများ