Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပြေတီဦးနဲ့ ရုပ်တူမယ့် ကလေးသရုပ်ဆောင်ရှာနေတဲ့ အိန္ဒြာကျော်ဇင်

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဟာ “သုဒြာ” ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ထားပြီး အဲ့ဒီထုတ်လုပ်ရေးကနေ မကြာခင်မှာ ရိုက်ကူးထုတ်လုပ်မယ့် ” ငရဲဆို ချိုနဲ့လား ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး အတွက် ကလေးသရုပ်ဆောင် ရှာနေပါတယ်။ အဲ့ဒီကလေးသရုပ်ဆောင်ကလဲ ပြေတီဦးနဲ့ ရုပ်ဆင်ရမယ်လို့ ဆိုကာ အိန္ဒြာကျော်ဇင်က သူ့ရဲ့ဖေ့စ်ဘုတ်ကနေ ကြေညာထားပါတယ်။

သူမပြောထားတာကတော့ ” ကျွန်မတို့ရဲ့ “သုဒြာ”ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် “ငရဲဆို ချိုနဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကိုပြေတီဦး ငယ်ဘဝတွင် သရုပ်ဆောင်ရန် ကိုပြေတီဦးနှင့် ရုပ်ဆင်သည့်အသက်(၅နှစ် မှ ၁၂နှစ်) အရွယ် ကလေးသရုပ်ဆောင်စိတ်ဝင်စားမည့်သူများ “ငရဲဆို ချိုနဲ့လား” ယခု ကျွန်မ shareထားသောpage တွင် လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည် ရှင့်.” ဆိုပြီး ရေးသားဖော်ပြထားခဲ့ပါတယ်။

အဆိုပါ ” ငရဲဆို ချိုနဲ့လား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာရိုက်ကူးပုံဖော်မှာဖြစ်ပြီး ဇာတ်ကောင် (၁)Casting Call !!!(၅) နှစ်မှ (၂၀)နှစ် ကြားကလေး နှင့် ဆယ်ကျော်သက်အရွယ် သရုပ်ဆောင်များ ခေါ်ယူသွားမှာဖြစ်ပါတယ်။ အဲ့ဒီသရုပ်ဆောင်ဟာ ‘ဇာတ်ကောင်(၁)’ နှင့် ရုပ်ရည် ဆင်တူရမှာပါ အထူးသဖြင့် မျက်လုံး ဆင်တူရမယ်လို့လဲသိရပါတယ်။

လျှောက်ထားလိုသူများအနေဖြင့် ‘ငရဲဆို ချိုနဲ့လား ရုပ်ရှင်’ Page မှာ တင်ထားတဲ့ ဇာတ်ကောင်(၁) အတွက် နမူနာ အိုက်တင် Video ထဲက အတိုင်း (အလင်းကောင်းမွန်သော နေရာတစ်ခုမှာ) သရုပ်ဆောင်ကာ ဖုန်းဖြင့် Video ရိုက်ပြီး Facebook page Massenger မှ တိုက်ရိုက်ဆက်သွယ် ပေးပို့နိုင်တယ်လို့ သိရပါတယ်။

ဖတ်ရူ့ပေးကြတဲ့ ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။ ဝါသနာပါသူများ လျှောက်ထားနိုင်စေဖို့ မျှဝေပေးသွားကြပါဦးနော် ။

Source – eaindar kyaw zin’s fb

(Visited 579 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ