Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပြီးပါပြီဆိုကာ ပရိသတ်ကို အပြိုင်အဆိုင်နှုတ်ဆက်ခဲ့ကြတဲ့ ရောင်နီဦး၊ ရှေး နဲ့မေပျိုဖြူ

ပရိသတ်တွေရဲ့ အားပေးခြင်းကို အပြည့်အဝရရှိ ထားတဲ့ Mrtv4 ရဲ့ ရုပ်သံ ဇာတ်လမ်းတွဲ ထဲက တစ်ခုဖြစ်တဲ့ အချစ်ဖွဲ့လေညင်း ဆိုတဲ့ ဇာတ်လမ်းတွဲဟာ ယနေ့မှာတော့ ဇာတ်သိမ်းခဲ့ပါပြီ။ပရိသတ်ချစ်တဲ့ ဒီဇာတ်ကားမှာ ပါဝင်တဲ့ အနုပညာရှင်အသီးသီးကလဲ အားပေးတဲ့ ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းပြောကာ အသီးသီးနှုတ်ဆက်လာကြပါတယ်။

ရောင်နီဦးနဲ့ မိုးသောက်ဦး အဖြစ် နှစ်ကိုယ်ခွဲ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကျော်ထက်ဇော်က ” ဖေဖေရောင်နီဦးနဲ့ မေမေပျိုဖြူတို့က အားလုံးကိုနှုတ်ဆက်ခဲ့ပါပြီဗျာ 💙💙💙အားပေးခဲ့တဲ့ ပရိတ်သတ်တစ်ယောက်စီတိုင်းကိုရော် ယုံကြည်စွာတာဝန်ပေးအပ်ခဲ့ တဲ့ တာဝန်ရှိလူကြီးများအားလုံးကို ကျေးဇူးအထူးတင်လျက် ထပ်မံကြိုးစားသွားပါ့မယ်ခင်ဗျာ Phuriwat Anusri special thanks 💙 ဆရာလေးရောင်နီဦး….” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

မေပျိုဖြူ အဖြစ် ပရိသတ်အချစ်တိုးအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးချော သံသာမိုးသိမ့် ကလဲ ” ဒီကားလေးအားလုံးရိုက်ကူးပြီးစီးတဲ့ည🖤👱🏻‍♀️အပျော်ဆုံးကတော့ ဆရာနီပါ အချစ်ဖွဲ့လေညှင်းteam တစ်ခုလုံးကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်၊နောက်ကွယ်ကနေအများကြီးပင်ပန်းခဲ့ကျတယ်🖤PhiPhuriwat Anusri Thank you very much🤩” ဆိုပြီးလဲ ဒါရိုက်တာနဲ့ အဖွဲ့သား အားလုံးကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

ရှေးရေစက် အဖြစ် သရုပ်ဆောင် ထားတဲ့ မင်းသမီးချောလေး ခန့်သီရိဇော် က” ဒီနေ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲလေး ပြီးဆုံးသွားပြီနော် ပရိသတ်ကြီးနဲ့ခွဲရတော့မယ် 😢ဒီဇာတ်လမ်းတွင်ပါဝင်ခွင့်ပေးသောForever Goup🙏🏻နှင့်Forever bec-tero Director Phuriwat Anusri AD – Oo Ant Talent Center မှ အမ May Thu Soe နှင့်အဖွဲဲ့ဇာတ်ညွှန်း, Camera ,Lighting , Audio , Editing,Stylelist နှင့် Production တစ်ခုလုံးကိုကျေးဇူးတင်ပါတယ်”

“ဇာတ်လမ်းတွဲတွင်ပါဝင်သော ဝါရင့်အနုပညာရှင်ကြီးများနှင့် Talent သရုပ်ဆောင်ညီအကိုမောင်နှမအားလုံးကိုကျေးဇူးတင်ပါတယ်….အထူးကျေးဇူးတင်တာကတော့💛ဒီကားလေးမှာ ခန့်ကိုချစ်ပေးပြီးဝေဖန်အားပေးကြတဲ့ ပရိသတ်ကြီးနှင့် Vitamins လေးတို့ကို ကျေးဇူးတင်ပါတယ် ခန့်ကိုဆက်လက်ချစ်ပေးကြပါနော်😘ခန့်ရှေ့လျှောက်ပိုကြိုးစားပါ့မယ်” လို့ လဲ ကျေးဇူးတင်ကြောင်းပြောပြခဲ့ပါတယ်။

ပရိသတ်ကြီးကရော ဇာတ်သိမ်းခန်းလေးကို ကျေနပ်နှစ်သက်မှုရှိရဲ့လားဆိုတာပြောပြခဲ့ပါအုံး ။ အချစ်ဖွဲ့လေညင်းဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ချစ်ပရိသတ်တွေရဲ့ အသဲကျော်က ဘယ်သူများလဲ ပြောပြခဲ့ဖို့ မမေ့နဲ့နော်။

Snow(mcc)

(Visited 3345 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ