Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပြိုင်ပွဲဝင် ၇ဦးကို ၁၀ သိန်းဆီ ချီးမြှင့်ခဲ့တဲ့ မမီး

ပရိသတ်တွေရဲ့ကြည့်ရှု့ဝန်းရံမှုအများဆုံးရရှိထားတဲ့ မြန်မာအိုက်ဒေါ သီချင်းဆိုပြိုင်ပွဲ ဟာ ယခုဆိုရင် Season 4အထိ ယှဥ်ပြိုင်ပြီးဆုံးခဲ့ပြီး ဖြစ်ပါတယ်။ Winner 4ဦးလဲ ပေါ်ထွက်ခဲ့ပြီး အမျိုးသား ၃ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး မြန်မာအိုက်ဒေါရဲ့ မြေတောင်မြှောက်ပေးခဲ့တဲ့ လူငယ်၄၀ကျော်ရှိခဲ့ပြီး အားလုံးကညီကိုမောင်နှမတွေဖြစ်လို့ ရိုင်းပင်းကူညီကြဖို့ မမီးက After party မှာ ပြောခဲ့ပါတယ်။

အဆိုပါ ပါတီမှာ season 4က Top 7 ပြိုင်ပွဲဝင် ၇ ဦး ကို ဆုငွေကျပ် ၁၀သိန်းဆီ ဆုချီးမြှင့်ခဲ့ပြီး မြန်မာအိုက်ဒေါ season 4 ရဲ့ ဝန်ထမ်းတွေကိုလဲ ဆုငွေတွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အကြောင်းအရာတွေကို တန်ခွန်ကျော်က ခုလိုဘဲပြောပြခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” ဒီနေ့ည After party Dinner အတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၅၀)ကျော်ဝန်းကျင်နဲ့ MMID season4 ဝန်ထမ်းများအားလုံးကို သိန်း (၁၈၀၀) ကျော် ငွေသားများ မေတ္တာပြ ဆုချီးမြင့်ခဲ့ပါတယ် ။ Top7 ပြိုင်ပွဲဝင်အားလုံးကိုတော့ ကျပ် (၁၀)သိန်းစီ ချီးမြင့်ပေးအပ်ပါတယ်ဗျ ။ အမမမီးကို ပြိုင်ပွဲဝင်(၁၁)ယောက်လုံးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ🙏” လို့ ဆိုပြီး ကျေးဇူးတင်ကြောင်းရေးသားခဲ့ပါတယ်။

မြန်မာအိုက်ဒေါကိုချစ်တဲ့ ပရိသတ်တွေအတွက် ဒီတစ်ပတ်က အားလုံးရဲ့ ဆန္ဒတွေထပ်တူကြခဲ့မယ်ဆိုတာ ယုံကြည်ပါတယ်။ နောင်နှစ်တွေမှာဆက်လက်ကျင်းပမယ့် မြန်မာအိုက်ဒေါ ကိုလဲ အားပေးဝန်းရံကြဖို့ မမေ့ပါနဲ့နော် ။

ဖတ်ရှုပေးသူတွေကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 12687 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ