Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပြိုင်ပွဲရွေးချယ်ခံရပေမယ့် အရမ်းငိုခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ အယ်စတာဒေါ့သ်ချင်းဆုန်

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုတစ်ခဲနက်ရရှိထားတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲဟာ season တစ်ခုပြီးတစ်ခုမှာတော့ စိတ်ဝင်စားစရာတွေနဲ့ပြည့်နက်လို့နေပါတယ်။ လက်ရှိ မြန်မာ အိုက်ဒေါ season 4 မှာယှဥ်ပြိုင်နေကြတဲ့ ပြိုင်ပွဲဝင်တွေ ထဲမှာ ပရိသတ်အားပေးမှုကို များစွာရ ရှိထားတဲ့သူတွေရှိသလို ဝေဖန်ခံနေရတဲ့ သူတွေလဲ ရှိပါတယ် ။

အဲ့ဒီထဲကမှ အဖွဲ့လိုက်ယှဥ်ပြိုင်ရာမှာ ဆက်လက်ယှဥ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရပေမယ့် စင်မြင့်ထက်မှာ ရှိုက်ကြီးတငင်ငိုခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရတဲ့ တောင်ပေါ်က ချင်းမလေး အယ်စတာဒေါ့သ်ချင်းဆုန် က သူမငိုခဲ့ရတဲ့ အကြောင်းကို ခုလိုဘဲပြန်လည်ဖြေရှင်းခဲ့ပါတယ်။

သုမပြောခဲ့တာကတော့ ” ညီမကို feedbackရောအားပေးတာရောတွေ့ရလို့ညီမဘာကိုပြင်ဆင်ရမလဲဘယ်လိုစိတ်ထား ထားရမလဲ စိတ်အမြဲစိတ်ပျော့ နေလို့မရဘူးဆိုတာကို ညီမသဘောပေါက်သွားပါပီရှင့် ”

” ညီမဒီgroup မှာ ညီမ မပါမှာစိုးရိမ်လို့ငိုခဲ့တာမဟုတ်ပါဘူးရှင်ဘုရားသခင်သိပါတယ် ပီးတော့Tv ကedit လုပ်တာဖြစ်တဲ့အတွက် ဆရာအောင်ကိုလတ်က လေးယောက်ကိုခေါ်ပီးတော့”ဒီအဖွဲ့မှာတစ်ယောက်ဘဲတက်ပါမယ်”ဆိုပီးပြောသွားပါတယ် ပီးမှသမီးကိုနောက်ဆုတ်ခိုင်းတာပါ အဲတာTVထဲမှာမပါဘူးရှင့်အဲမှာ70%လောက်ကတာ့သမီးအဖြေကိုသိနေပါပီ ညီမဒီတစ်ဆင့်ကိုတက်တာကလည်းသူတို့ကလည်းညီမကိုနောက်တစ်ဆင့်တက်သွားနိုင် support ပေးခဲ့ပါတယ်ရှင့်”

” အဖွဲ့တိုင်းမှာတော့အခက်အခဲကိုယ်စီရှိကြပါတယ်ပီးတော့သီချင်းကလည်းရွေးပီးတဲ့နေ့မှာတန်းတိုက်ရပီး နောက်နေ့မှာပြိုင်ရပါတယ် ရတဲ့အချိန်နည်းနည်းမှာသီချင်းတစ်ပုဒ်ဘယ်လို creation & performance ကိုစဉ်းစားပီးလုပ်ရပါတယ် ပီးတော့ပြိုင်ပွဲစည်းကမ်းအရတစ်ယောက်ထဲကောင်းနေလို့လည်းမရဘူးကျန်ခဲ့လို့လည်းမရဘူး အဓိက team work ကိုကြည့်တာဖြစ်တဲ့အတွက် အားလုံးဖေးဖေးမမနဲ့ပြိုင်ရတဲ့အပတ်ဖြစ်ပါတယ်ရှင် “

” အဲလိုဘဲညီမတို့group မှာကျတော့ မပြိုင်ခင်ကတည်းကကျန်းမားရေးအခြေနေအရနေမကောင်းလို့ဆေးခန်းသွားပြတဲ့နေတဲ့အချိန်တွေလည်းညီမတို့group မှာရှိတယ် သူများတွေသီချင်းတိုက်နေတဲ့အချိန်မှာ အဆင်ရောပြေပါ့မလားသူတော်တော်နေမကောင်းများဖြစ်မလားဆိုပီး ရင်တထိတ်ထိတ်နဲ့စောင့်နေခဲ့ ကြပါတယ် ဒါပေမယ့်မောင်နှမလေးယောက်စလုံးဒီပြိုင်ပွဲ3 minutesစာအတွက်ရတဲ့အချိန်မှာကြိုးစားပမ်းစားလုပ်သွားကြပါတယ်ရှင့် ”

“အဲ့တာကြောင့်အားလုံးတစ်ညီတစ်ညွတ်လုပ်တာချင်းအတူတူပင်ပန်းတာချင်းအတူတူ ညီမတို့အဖွဲ့ထဲကညီမမဟုတ်ခဲ့ရင်တောင်ဘယ်သူဘဲတက်တက် ထိုက်တန်တဲ့သူနှစ်ယောက်ကိုတော့တက်စေချင်တယ်ဘာလို့လဲဆိုတော့ညီမတို့အဖွဲ့ကြိုးစားတာညီမအသိဆုံးမို့လို့ပါ ညီမကအနုပညာနဲ့ပက်သတ်ရင်အားလုံးကသေဩးမတော်သားမစပ်တဲ့ညီအကိုမောင်နှမတွေဘဲ့လိုသေ ဘာထားပါတယ့်တစ်ညလုံးအသားကုန်လုပ်ပီးတော့မှညီမတစ်ယောက်ဘဲတက်သွာ့းတော့ညီမအရမ်း ဝမ်းနည်းသွားလို့ညီမငိုတာပါ”

” ဒါပေမယ့်ညီမနောက်ခါဆိုရင်ညီမemotion ကိုထိန်းနိုင်အောင်ကြိုးစားပါ့မယ် ညီမကမျက်ရည်ကျတော့လွယ်တယ်ဒါမယ့်အားနည်းတဲ့သူမဟုတ်ပါဘူးညီမအိပ်မက်အတွက်ဆက်သွားမှာပါရှင်ညီမကိုနားလည်မှုလွဲလို့ပြောတာလည်းမမှုပါဘူးရှင်ညီမသာTVကြည့်နေတဲ့သူတစ်ယောက်ဆိုရင်အသည်းယားလို့ပြောမိမှာပါရှင့် ညီမဆက်လက်ပီး ေ တာ့ ဆင်ခြင်ပီးသွားပါမယ်ရှင် ဆက်လက်ပီးတော့ညီမကိုလမ်းပြကြပါ သွန်သင်ကြပါ ညီမကိုဆုံးမပေးရင်ချစ်လို့ပြောတာဆိုပီးခံယူပါတယ် အားလုံးချစ်ခင်အားပေးလို့ကျေးဇူးတင်ပါတယ်ရှင့်”လို့ ဆိုကာ ရေးသားခဲ့တာဖြစ်ပါတယ်။

နောက်တစ်ပတ်မှာလာမယ့် myanmar idol မှာလဲ ဘယ်သူတွေ ဆက်လက်ပါဝင်ခွင့်ရမလဲ ဆိုတာကြည့်ရူ့ကြရအောင်နော်

Snow(mcc)

(Visited 2631 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ