Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပြန်ဆုံချင်ရင် ရင်ခုန်သံကို မညာကြနဲ့ အကယ်ဒမီမယ်လိုဒီကိုလည်း ခုတုံးလာမလုပ်ပါနဲ့ လို့ ဆိုတဲ့ မယ်လိုဒီ

ကောလဟာတွေကို ရဲ့ ဒဏ်ကို ဆက်တိုက်ဆိုသလို ခဲနေရတဲ့ အကယ်ဒမီမယ်လိုဒီဟာ သူ မပြောဘဲ ငြိမ်နေခဲ့တဲ့ ကိစ္စတွေကို ယခုအခါမှာတော့ ဖွင့်ချပြောပြလာခဲ့ပါတယ်။ သူကအိမ်ထောင် ပြုဖို့ အစီအစဉ်လဲမရှိသိလို အိမ်မှာလည်း ကျွန်မ ဘုရင်မ ပါလို့ဆိုကာ ဝေဖန်နေသူတွေကို တိတိကျကျအဖြေပေးလိုက်ပါတယ်။ သူ့ရဲ့ ဖြစ်စဥ်တွေနဲ့ တိုက်ခိုက်ခံနေရတဲ့ အကြောင်းကို စုံစုံပြောပြခဲ့ပြီး လိုအပ်ရင်ထပ်ပြောပြသွားဖို့ ရှိသေးတယ်လို့လဲ မယ်လိုဒီကပြောခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” သူတစ်ပါးကို အကုသိုလ် စနစ်တကျ ပေးတတ်ရင်ကိုယ့်အလှည့်ကျ အကုသိုလ် စုပေါင်းထပ်လောင်းကျမယ်ဆိုတာ သိထားပါ။ညှိမရတဲ့အခြေအနေကြောင့်လမ်းခွဲခဲ့ပေမယ့် လိမ်စဉ်တွေ နဲ့ လူတွေ အထင်လွဲအောင် မလုပ်ဘဲခုလိုအခြေအနေတွေ ဖြစ်ရတာ ကိုယ့်ကြောင့်ဆိုပြီး စိတ်မကောင်းဖြစ်နေတဲ့ က်ိုသာကောင်းကို လေးစားမိပါတယ်။ ကျွန်မခွင့်လွှတ်ပေးရကျိုးနပ်ပါတယ်”

“အိမ်တွင်းရေးကိုမသိဘဲဝင်နာနေကြသူများကိုလည်း စိတ်မဆိုးတော့ပါဘူး။ လက်ရှိ အတင်းပေးစားနေတာလဲ ရပ်ကြပါတော့အတူတွဲသွားတိုင်းသားပေးစားရင်တော့ အကုန်ညားကုန်မှာပေါ့တွဲသွားတာဘဲတွေ့တွေ့ ကားတစည်းထဲဘဲစီးစီး ဆိုင်ဘဲထိုင်ထိုင် ကုတင်ပေါ်တက်တက် ဘာတွေတွေးပူနေကြတာလဲ ရိုးစင်းတာတွေဆန်းပြားအောင်လာမလုပ်နဲ့ ဒီလူဘဲရှိလား ရှားလားဘာလို့ အကုသိုလ်ယူနေတာလဲ ဒီလိုတွေ ဘာကြောင့်ဖြစ်လာတယ် ဘယ်သူကြောင့်လဲ သူဘယ်လို့ကြောင့်ဒါမျိုးဖြစ်အောင်လုပ်ရတယ်ဆိုတာ မသိလို့ငြိမ်နေတာမဟုတ်ပါဘူး။ မိန်းမသားမို့ ခံစားပေးလို့ရတယ်”

” ကိုသာကောင်းနဲ့ကွဲပြီး ကျွန်မတို့ဟာ ကလေးကိစ္စကလွဲ ကျန်တာဘာပတ်သတ်မှု့မှမရှိဘူး ။ မနေ့တနေ့ကမှကွဲတာ လဲမဟုတ်ဘူးပြန်ပြီးတော့လဲလူမသိအောင် ခိုးမစားကြဘူး။ မူးပြီးလဲ မမှားဘူး၊ မူးပြီး အပြန်အလှန်သောက်ပြဿနာရှာတဲ့အလုပ်လဲမလုပ်ဘူး။ ဘဝမှာ မိတ်ဆွေကောင်း သားအမြဲလေးစားရမယ့်အဖေမို့ အတွင်းရေးကို လူတချို့ကိုရင်ဖွင့်မိတာတောင်အကြိမ်ကြိမ်နောင်တရတယ်။ လူအများသို့လော သို့လော နဲ့ အကုသိုလ်စိတ်ဖြစ်အောင်မလုပ်ဘူး”

“ချစ်တာလဲရှက်စရာမဟုတ်ဘူး။ အချစ်မှာလဲ သိက္ခာကျစရာမရှိဘူး။ အချစ်စစ်ဖို့ဘဲလိုတယ်။ ကိုဟန်ထွန်းသီချင်းလိုဘဲ ပြန်ဆုံချင်ရင်ရင်ခုန်သံကို မညာကြနဲ့ အကယ်ဒမီမယ်လိုဒီကိုလည်း ခုတုံး လာမလုပ်နဲ့ အချစ်စစ်ရင် လေးစားဦးညွှတ်လိုက်မယ်။ယောကျ်ားဆိုတာ နှာဘူးနဲ့ဂန်ဒူး၂မျိုးဘဲရှိတယ်။ စိတ်လေးလျော့ မယားဝတ်တရားကျေနိုင်အောင် ကြိုးစား သားကို သခင် လင်ကိုဘုရား ဖူးဖူးမှုတ်ထားလိုက်ပေါ့ “

“လူတိုင်းကို ကိုယ့်အကြောင်းလိုက်ပြောစရာမလိုဘူး။ မပြောချင်ရင်မပြောနဲ့ ပြောရင်လဲ အစစ်အမှန်ဘဲ ပြောနိုင်အောင် လုပ်ပါအိမ်ထောင်ဘက်ကို ဖြစ်ခဲ့သမျှအကုန်ပြောပြခဲ့တာဘဲ အေး တစ်ကမ္ဘာလုံးကယောကျ်ားတွေနဲ့ယူမယ်ဆိုရင်လဲသူတို့ကိုပြောပြမှာဘဲ ၊ နွားမရွံပိတ် အပျိုအမည်ခံ ရိုးအေးသရောင်နေခဲ့တာမဟုတ်ဘူး။ အဖွင့်အပိတ်လေးကလှတယ် အကွက်တွေသိလို့ဒါမျိုးအရှက်ခွဲ အခွင့်ရေးယူမယ်ဆိုတာ သိပြီးသား ကိုယ့်ကိုဆုံးမသွန်သင်နေတဲ့ အစ်မတွေမျက်နှာ မြတ်စွာဘုရားရှင်ရဲ့လမ်းစဉ်ကိုလိုက်နာကျင့်ကြံနိုင်ဖို့အလို့ငှာ သည်းခံခဲ့ခြင်းပါဟန်ပြကိုးကွယ်သူ ဘာသာတရားကိုကာဗာလုပ်တဲ့ မဖြစ်အောင်သတိထားဆင်ခြင်နေတာပါ သည်းခံခြင်းကို အတိုင်းအတာမထားဘဲ စစ်မှန်တဲ့ဥပက္ခာပြုနိုင်ဖို့ကြိုးစားနေတာပါ”

“ခုဟာကစနစ်တကျယုတ်မာတာကိုငြိမ်ခံနေရအောင်သူတော်မဟုတ်ဘူးလေ ။ကိုယ်ယုတ်မာတိုင်း သူတစ်ပါးကို မိန်းမယုတ်ဇာတ်သွင်းရအောင် ဥပဓိရုပ်ကမစိုမပြေ ဖြစ်နေလို့လား တသက်လုံး မသောက်မစားခုကျမှ သောက်တတ်သလိုလုပ် မူးပြီးအမှားလုပ်မိပါတယ်ပေါ့။ ကျွန်မစကားလုံးတွေရိုင်းနေမယ် အသံဟာ လည်းမချိုသာဘူး။ ဒါပေမယ့် အောက်တန်းမကျဘူးအနုပညာလောကထဲအောင်မြင်ဖို့ဘက်စုံထူးချွန်ဖို့ကြိုးစားမနေနဲ့ရိုးသားမှု့သာပေးလိုက် ထိုက်ထိုက်တန်တန်ပြန်ရမယ် “

“က်ိုယ်မအောင်မြင်တိုင်း သူတစ်ပါးအောင်မြင်မှု့ကိုမနာလို ဘဲ အချောင်ရတယ်ထင်နေတာလား ဘယ်သူ့ကိုမှနင်းတက်စရာမလိုဘူး ကျွန်မကိုလာနင်းရင် အညောင်းပြေရုံဘဲ ။ မိခင်မဖြစ်ခင်ကတည်းက မိခင်တွေ ကိုလေးစား နားလည်ပြီးသားပါ သားမွေး ထားတော့ ပိုနားလည်ပါတယ်။ ကျွန်မ စိတ်ကူးယဉ်ကမ္ဘာမှာ သာယာနေတဲ့သူမဟုတ်ဘူး။ လူပီသဖို့ကြိုးစားရင်း မှားဖူးသမျှအမှားတွေကို ပြင်ဆင်ရင်း မြတ်စွာဘုရားရဲ့တရားတော် နဲ့အညီ ကြိုးစားနေထိုင်ပြီး ဘဝကူးကောင်းဖို့နောင် သံသရာမှာကောင်းမွန်သောသူဖြစ်ဖို့ ကြိုးစားနေတာပါ။ အေးဆေးနေပါရ စေ။ ပန်းကောင်းလည်းအညွှန့်မချိုးသလို အိမ်ထောင်ပြုဖို့အစီအစဉ်လဲမရှိပါဘူး ကျွန်မအိမ်မှာလည်း ကျွန်မ ဘုရင်မ ပါ ဘုရင်မ ဖူးဖူးမှုတ်ထားဖို့ ထိုက်သင့်ရင်တော့တမျိုးပေါ့”

“ဘယ်သူ့မှလဲလှည်းကျိုးမထမ်းခိုင်းဘူး ကိုယ့်ကိုကိုယ်လဲ မင်္ဂလာလှည်းယာဉ်လို့ဘဲသတ်မှတ်ထားတယ် လာချဉ်းကပ်နဲ့သူတွေကိုလဲ နွားလို့မသတ်မှတ် နွားဖြစ်ပါပြီး လှည်းကျိုးထမ်းရပါပြီလို့တွေးရင်လဲ ချူလူသံ လွင်လွင်နဲ့ချူဆီနွားတော့မဖြစ်စေနဲ့ပေါ့။ အခန်းဆက် အနေအထားကိုကြည့်ပြီး ဆက်ရေးသင့် မရေးသင့် စောင့်ကြည့်ပါဦးမယ်။ ခုကိစ္စကိုမရှင်းဖို့ အတန်တန်တားတဲ့သူငယ်ချင်း တောင်းပန်ပါတယ်” လို့ ဆိုကာ အသေးစိတ်တွေ ရေးသားခဲ့ပါတယ်။

မယ်လိုဒီ ကို ချစ်တဲ့ ပရိသတ်ကြီးအတွက် သူရဲ့ အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီး ကလဲအမှားအမှန် ခွဲခြားကာ ဝေဖန်သုံးသပ်ပေးကြပါအုံးနော်။ ဖတ်ရှုပေးတဲ့ ချစ်ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 47099 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ