Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပြည်တွင်းမှာတင် (၈) လကျော်ကြာရိုက်ကူးခဲ့ရတဲ့ ကောင်းကင်မရှိတဲ့ကြယ် ရုပ်ရှင်ဇာတ်ကားကြီး

ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးပုံဖော်နေတဲ့ Myanmar Media 7 Film Production မှ ၂၀၁၉ခုနှစ် အတွက် တစ်ကားတည်းသောရုပ်ရှင်ဇာတ်ကားအဖြစ် ကောင်းကင်မရှိတဲ့ကြယ် ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံအတွင်း စီစဉ်ရိုက်ကူးမှု ၈ လကြာ ပြီးစီးခဲ့တာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်ငံကျော် ပြည်တွင်း သရုပ်ဆောင်တွေ ပါဝင်တဲ့အပြင် ဂျပန်နိုင်ငံမှ နာမည်ကျော်သရုပ်ဆောင်တွေလဲ ပါဝင်သရုပ်ဆောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ကောင်းကင်မရှိတဲ့ကြယ် (Skyless Stars )ရုပ်ရှင်ဇာတ်ကားကြီး (၈)လကျော်ကြာ မြန်မာနိုင်ငံအတွင်း စီစဉ်ရိုက်ကူးမှု ဒီနေ့ပြီးစီးခဲ့ကာ ဆက်လက်ပြီး ထိုင်းနိုင်ငံအတွင်း တစ်လကြာ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဂျပန်နိုင်ငံ ရဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ဖြစ်တဲ့ မင်းသမီး Emi Takei ၊ မင်းသားတွေ ဖြစ်တဲ့ Yasuyuki Maekawa ၊ Koji Yano တို့မှ လာရောက်ပူးပေါင်းရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကောင်းကင်မရှိတဲ့ကြယ် ရုပ်ရှင်ဇာတ်ကားကြီး မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင် ၊ထွန်းထွန်း ၊ Ken Phuphoom Pongpanu ၊ ညီထွဋ်ခေါင်၊ ပြေဇင် ၊ Korn Kang ၊ Yasuyuki Maekawa ၊ Koji Yano ၊ Emi Takei ၊ အေးမြတ်သူ ၊ မိုးစက်ဝိုင်၊ နွယ်ဒါလီထွန်း ၊ Smile Parada တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော်တွေ ပါဝင်နေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမို့ ရုံတင်လာတဲ့ အခါမှာလဲ အားပေးဝန်း ရံပေးကြဖို့ မမေ့ပါနဲ့နော်။ ချစ်ပရိသတ်တွေအတွက် ရိုက်ကွင်းပေါ်က ပုံရိပ်တစ်ချိုု့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖတ်ရှု့ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 4950 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ