Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပျော်ပျော်နေတက်တဲ့အကျင့်ကို လျှော့ပါ့မယ် ဆိုတဲ့ ထက်အဉ္ဇလီ

မြန်မာအိုက်ဒေါ ပြိုင်ပွဲကြီးကနေတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အစွမ်းကိုရရှိထားတဲ့ ထက်အဉ္ဇလီဟာ လတ်တလောမှာတော့ ပရိသတ်တွေ နဲ့သူ့အကြား အထင်လွဲမှားစရာတစ်ချို့ ဖြစ်ပေါ်နေခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ ဧပြီလ ၁ရက်နေ့က တင်ခဲ့တဲ့ ပို့စ်တစ်ခုကြောင့်ပါ။

အဲ့ဒါကတော့ ” ဒီရောဂါကပ်ဆိုးကြီး ပြီးလို့ အသက်ရှင်နေသေးရင် ခင်ဗျားကို ထက် အရင်ဦးဆုံးပြေးတွေ့ချင်မိတယ်❣️👀🤪” လို့ ဆိုကာ ထက်အဉ္ဇလီက မော်ဒယ်ကောင်လေးတစ်ယောက်ရဲ့ ပုံနဲ့အတူရေးပြီးတင်ခဲ့ပါတယ်။

အဲ့လိုတင်ခဲ့တာနဲ့ အတူ နောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေကတော့ ပုံမှာပါတဲ့ ကောင်လေးဟာ ဝေကြီးပါဆိုပြီးထွက်ပေါ်လာတဲ့သတင်းတွေကြောင့်ဘဲ ဖြစ်ပါတယ်။ အဆိုပါသတင်းပတ်သက်လို့ “ဪ April Foolတာပါနော် 😅အဲ့လောက်ရင်ခုန်သွားမယ်မထင်ဘူး 😢ကိုဝေကြီးလို့ထင်တာတော့စိတ်လုံးဝမကောင်းပါ ကိုဝေကြီးလို့ထင်တဲ့သူများကိုမေးချင်ပါတယ် “

“ကိုဝေကြီးလည်ပင်းမှာ အဲ့လို Tattoo များထိုးထားသလားလို့ပါ🙂 ကျေးဇူးပါနော် ထက်ရဲ့ April Fool လေးကိုဝိုင်းဝန်းပံပိုးပေးလို့😁✌🏻Edit ခိုင်လုံတဲ့သက်သေနဲ့ပြပါဆိုလို့ ထက် ကိုဝေကြီးအမျိုးသမီးနဲ့ စကားပြောထားတာလေးတင်ပေးလိုက်ပါတယ်ရှင့်✌🏻”လို့ဆိုကာ ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူ့အနေနဲ့ ” တော်ပါပြီ နောက်ဆို စချင် နောက်ချင် ပျော်ပျော်နေတတ်တဲ့အကျင့်ကို လျော့တော့မယ် ရတိပြတ်တော့မဖျောက်နိုင်ဘူး ဒါဗြဲ😁” ဆိုပြီးလဲ ပြင်သင့်တာတွေပြင်ပါ့မယ်လို့ပြောပြခဲ့ပါသေးတယ်။

ထက်အဉ္ဇလီဟာ မြန်မာအိုင်ဒေါ ရဲ့ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာက နေပရိသတ်တွေများစွာသိရှိခဲ့ရုံသာမက ပွဲတွေများစွာလဲ ဖျော်ဖြေသီဆိုခဲ့ရသူဖြစ်ပါတယ်။ ထက်အဉ္ဇလီကိုဘချစ်တဲ့ ပရိသတ်တွေဖတ်ရှု့ပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Snow(mcc)
Source – Htet Inzali’sfb

(Visited 4250 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ