Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပဲရစ်မျှော်စင်ရှေ့မှာ စိတ်ကူးယဥ် ဆန်စွာ လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ အိမ့်ချစ်

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော်အိမ့်ချစ်ဟာ အချစ်ရေးနဲ့ပတ်သက်လို့ အရမ်းကိုသိုသိမ့်တဲ့ အနုပညာရှင်တွေ ထဲကတစ်ယောက်အပါအဝင်ဖြစ်ပြီး ယခုအခါမှာတော့ ချစ်သူကို ချပြလာတဲ့အပြင် လက်ထပ်ခွင့်တောင်းတဲ့အကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။

အဲ့ဒါကတော့ ” မထင်မှတ်ထားတဲ့ အချိန်မှာ Propose လုပ်တဲ့သူ အချစ်တွေပေးတဲ့သူ အေးချမ်းတဲ့မေတ္တာတွေပေးသူ လုံခြုံနွေးထွေးမှုတွေပေးသူ အဖေလိုအကိုလိုစောင့်ရှောက်ပေးသူသူငယ်ချင်း တစ်ယောက်လိုပျော်ရွှင်မှုတွေပေးသူ သူနဲ့တူတူဘဝတစ်ခုထူထောင်ဖို့ ဆုံးဖြတ်လိုက်ပြီမို့ I said YES..!!!” လို့ဆိုကာ ချစ်သူရဲ့ ပုံရိပ်တွေနဲ့အတူရေးသားဖော်ပြခဲ့ပါတယ်။

အိမ့်ချစ်ဟာ ဖခင်ဖြစ်သူဦးချစ်ကောင်းရဲ့ အောင်မြင်ကျော်ကြားမှုတွေကို ထိန်းသိမ်းပေးနိုင်တဲ့ သမီးတစ်ယောက် ဖြစ်ပြီး လူငယ်အကြိုက်သီချင်းတွေကို ဖန်တီးတဲ့နေရာမှာလဲ အရမ်းကို ထူးချွန်ပါတယ်။ သူမက ပြည်တွင်းမှာအောင်မြင်နေရုံတင်မဟုတ်ဘဲ ပြည်ပမှာလဲ ဆုတံဆိပ်တွေများစွာရရှိထားသူဖြစ်ပါတယ်။

ချစ်တဲ့ပရိသတ်တွေ အားကျနေကြပြီ မဟုတ်လား ။ ယူတို့လဲ အိမ့်ချစ်လိုကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်နော်။

Snow(mcc)
Source – eaint chit’sfb

(Visited 1710 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ