Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပုဂံ မြို့သူ ဇာတ်လမ်းတွဲ နဲ့ အကောင်းဆုံး ဒါရိုက်တာဆု ရခဲ့တဲ့ ဦးကျော်သူရဲ့ကျေးဇူးတင်စကား

ပရိသတ်ကြီး ကြိုက်နှစ်သက်ခဲ့တဲ့ ဦးကျော်သူ ရိုက်ကူးခဲ့တဲ့ ပုဂံမြို့သူ ရုပ်ရုင်ဇာတ်လမ်းတွဲဟာ ဆိုရင် ယခုချိန်မှာ Star Awards ကချီးမြှင့်တဲ့ ဆုနှစ်ဆုကို ရရှိခဲ့ပါတယ်။ တစ်ဆုကတော့ ဒါရိုက်တာဆုဖြစ်ပြီး တစ်ဆုကတော့ အမျိုးသားသရုပ်ဆောင် ဆုဘဲဖြစ်ပါတယ်။ ဆုရသူနှစ်ဦးလုံးက စင်မြင့်ထက်မှာ ဆုမတက်ယူနိုင်ခဲ့တဲ့အတွက် ကိုယ်စားတက်ယူခဲ့ကြပါတယ်။ ဒါကြောင့် ဆုချီးမြှင့်တဲ့သူတွေရော ဆုတက်ယူခဲ့တဲ့ မိခင်ကိုယ်ကိုပါ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

သူပြောခဲ့တာကတော့ “ အောင်ပန်းကအပြန်မှာ အောင်ပန်းဆွတ်ခဲ့ရပါပြီ။ Star Awards ဆုပေးပွဲကို တက်ရောက်အားပေး ခဲ့တဲ့ ချစ်ဇနီး မြင့်(ခ) ရွှေဇီးကွက်စာအိတ်ဖေါက်၍ကြေငြာပေးခဲ့တဲ့ ဖေဖေဦးစိန်တင် ဆုတက်ရောက်ယူ ပေးခဲ့တဲ့ မေမေဒေါ်မြသန်း ကွယ်လွန်သူစာရေးဆရာကြီး ဦးသိန်းဆိုင် MRTV4 ပိုင်ရှင်ဦးဝင်းမော် ထုတ်လုပ်သူ ကိုသားကြီး +မရွှေယံ ရွိုင်ရယ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးမျိုးမင်းဦးမိသားစု ပုဂံညောင်ဦးမြို့ ရှေးဟောင်းသုသေသနအဖွဲ့ဝင်များ၊သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ သရုပ်ဆောင်များ ၊စက်မှုလုပ်သားများ ၊ပုဂံညောင်ဦးရွာသူရွာသားများ”

“ စက်စက်ယိုရွာမှမိဘပြည်သူနှင့်ဆံရစ်ဝိုင်းကလေးငယ်များ၊မန္တလေးသာသနာ့ပါလ လူမှုရေးအသင်းနှင့် အနယ်နယ်အ ရပ်ရပ်မှပရဟိတအသင်းများ၊မန္တလေးမြို့၊ပခုက္ကူမြို့မှလုပ်ငန်းရှင်များ၊နှင့်အနီးကပ်ကျွန်တော့်၏စိတ်ခန္ဓာကျန်းမာရန်ကူညီစောင့်ရှောက်ပေးခဲ့သော သူငယ်ချင်းညီဂျော်၊ညီငယ် မောင်မောင်သိန်းလှိုင် ၊ပုဂံမြို့သူကိုကြည့်ရှု အားပေးခဲ့ကြသော မိဘပြည်သူပရိဿတ်များ ဆုရွေးချယ်ပေးခဲ့သောလူကြီးမင်းများနှင့်တကွ ကျေးဇူးတင်ထိုက်သောသူများအားလုံးကို နှလုံးသားမှအထူးကျေးဇူးတင်ရှိပါကြောင်း ပုဂံညောင်ဦးရှိမြင်အပ်မမြင်အပ်သော ပုဂ္ဂိုလ်သတ္တဝါအသီးသီး တို့အားဦး ခိုက်ရှိခိုးမေတ္တာပို့သ အမျှပေးဝေငှပါသည်။ အောင်ပန်းမြို့နှင့်မန္တလေးမြို့သို့ရောက်ရှိနေ၍ ဆုပေးပွဲမတက်ဖြစ်သော်လည်း ရုပ်မြင်သံကြားမှကြည့်ရှုအားပေးခဲ့ရခြင်းကိုခွင့်လွှတ်နားလည်ပေးပါရန်တောင်းပန်အပ်ပါသည်။ ဘယ်လောက်ပဲ ဝေးနေဝေးနေ …နှလုံးသားခြင်းနီးနီးလေးရှိနေဖို့ အရေးကြီးဆုံးပါ” လို့ ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်မှာရေးသားဖော်ပြခဲ့ပါတယ်။

ချစ်ပရိသတ်ကြီးရေ ဦးကျော်သူ အတွက် ဂုဏ်ပြုစကားလေးပြောပြပေးကြပါဦး။ ဖတ်ရှု့ပေးကြတဲ့ သူတွေအားလုံး ကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snowpiki(MCC)

(Visited 530 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ