Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

” ပုဂံဆိုရင် လူတွေက ဓါတ်ပုံရိုက်ဖို့လောက်ဘဲ စိတ်ဝင်စားတယ် ” လို့ ပြောချလိုက်တဲ့ လူမင်း

ပုဂံမြေကြီးကို ကိုယ်စားပြုတဲ့ နောင်တွင်ဥဒါန်းတွင်စေသတည်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ကားမှာ အကယ်ဒမီသရုပ်ဆောင် လူမင်းဟာ ဧည့်သည်သရုပ်ဆောင် အဖြစ်ပါဝင်ခဲ့ပေမယ့် သူဟာ ပုဂံမြေနဲ့ပတ်သက်တဲ့ သူ့ထင်မြင်ချက်တချို့ကိုလဲ ပြောပြခဲ့ပါတယ်။

“ နောင်တွင်ဥဒါန်းတွင်စေသတည်း မှာ ဧည့်သည်သရုပ်ဆောင်ပါ၊ ပုဂံဆိုတာ ရှေ့လူကြီးတွေက ပြောစမက်တွင်ကျန်ခဲ့အောင် သမိုင်းအဖြစ်နဲ့ ချန်ထားခဲ့ကြတာ ခုခေတ်လူတွေက ပုဂံဆိုတာကြီးကို ခေါ်ခေါ်ပြီးတော့ ကြွားဖို့လောက်ဘဲ လုပ်နေကြမှာလား ငါတို့တွေရောဘာလုပ်ခဲ့ကြမှာလဲ ဆိုတဲ့အနှစ်သာရကိုပေးချင်တဲ့ ကား ပါ၊ ခုနောက်ပိုင်း ပုဂံဆိုရင် လူတွေက ဓါတ်ပုံရိုက်ဖို့လောက်ဘဲ စိတ်ဝင်စားပါတယ်။ ဘုရားတွေမှာသေသေချာချာ ဘုရားရှိခိုးရွတ်ဖတ်တယ်ဆိုတာ တော်တော်ရှားပါတယ် ခု ကျွန်တော်အဲ့ဒီ ခံစားချက်လေးဖြစ်နေပါတယ် ” ဆိုပြီး လူမင်းက သူ့ရဲ့အမြင်လေးကို ပြောပြသွားခဲ့ပါတယ်။

သူ့အနေနဲ့ ဆိုရင်ရင်လဲ ဘုရားတွေရောက်တဲ့အခါ “ ကျွန်တော် ကတော့ အေးအေးဆေးဆေးရှိတဲ့ ဘုရားတိုင်းမှာ လေးလေနက်နက်အဓိဠာန်ဝင် မေတ္တာပို့ အမျှဝေဆုတောင်းပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်

(Snowpiki(mcc)

(Visited 42 times, 1 visits today)

About The Author

myanmarcelecrazy Myanmar Cele Crazy is a growing online entertainment channel delivering exclusive breaking news and in-depth coverage on Myanmar Celebrities

အခြားစိတ်ဝင်စားဖွယ်သတင်းများ