Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပိုင်တံခွန် ရဲ့ စူးရှတဲ့အကြည့် နဲ့ sexy ကျတဲ့Body ကြောင့် ထိုင်မလေးတွေက ကြိုက်ပါတယ်တဲ့

ပရိသတ်တွေကြား အရမ်းကိုနာမည်ကြီးပြီး အမိုက်စားမော်ဒယ်တွေနဲ့ တွဲဖက်ရိုက်ကူးလေ့ရှိခါ သူ့ရဲ့ မျက်နှာကျနဲ့ ကိုယ်ဟန်အနေအထားတွေကြောင့် sexy ဆန်တဲ့ ရိုက်ချက်တွေ ဖက်ရှင်တွေနဲ့ဆိုအရမ်းကိုလိုက်ဖက်ညီပါတယ်။ ပိုင်တံခွန်က မြန်မာပရိသတ်တွေ ကြားမှာသာမက ထိုင်းပရိသတ်တွေကြားမှာပါ အရမ်းကို နာမည်ကြီးနေတာဘဲဖြစ်ပါတယ်။

သူကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မော်ဒယ်၊မင်းသမီးတွေနဲ့ အတူ အမိုက်စားကြော်ငြာတွေ ပုံတွေများစွာထွက်ရှိခဲ့ပါတယ်။ သူနဲ့ အတူတွဲဖက်ပြီး ရိုက်ကူးကြတဲ့ အနုပညာရှင်တွေကတော့ သင်ဇာဝင့်ကျော်၊ မအေးသောင်း၊ခင်ဝင့်ဝါ၊ နင်ဇီမေ၊ ဆိုဖီယာ တို့နဲ့ ပုံတစ်ချို့ ရိုက်ကူးခဲ့ပြီး အရမ်းကိုဟော့ဖြစ်သွားတာကတော့ သင်ဇာဝင့်ကျော်နဲ့ ရိုက်ကူးခဲ့တဲ့ ပုံတွေဘဲဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယမြောက် ဟော့နေတဲ့ ပုံတွေကတော့ မကြာသေးခင်ကမှ ရိုက်ကူးခဲ့တဲ့ ဝါဆိုမိုးဦးနဲ့ ပုံတွေဘဲဖြစ်ပါတယ်။

ဝါဆိုမိုးဦးရဲ့ သီချင်းအသစ်အတွက် အမိုက်စားရိုက်ကူးထားတဲ့ ပုံရိပ်တစ်ချို့ကို ပိုင်တံခွန် က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာ ဖော်ပြပေးလေ့ရှိပါတယ်။ ပိုင်တံခွန်ဟာ မကြာခင်မှာတော့ ထိုင်းနိုင်ငံမှာ သူ့ရဲ့Fan Meeting အဖြစ် ပထမဆုံးအကြိမ်ကျင်းပ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ fan meeting ကို သြဂုတ်လ ၃ရက်နေ့ ၊ ထိုင်းနိုင်ငံ ရှိ Century Park Hotel Ballroom မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်ကြီးရော ပိုင်တံခွန် ရဲ့ ဘယ်အစိတ်အပိုင်းကိုကြွေလဲပြောခဲ့ပါလား ထိုင်းမလေးတွေကတော့ စူးရှတဲ့ အကြည့်တွေနဲ့ Sexy ကျတဲ့ ဘော်ဒီကြောင့် သဲသဲလှုပ်ကြိုက်နေကြတာပါတဲ့နော်။ ဖတ်ရှု့ပေးသူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – paing takhon’sfb

(Visited 669 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ