Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပိုင်တံခွန်ကို သရုပ်ဆောင် ပညာ သင်ကြားပို့ချပေးနေတဲ့ ဒါရိုက်တာ ကိုပေါက်

ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာပြီး ပရိသတ် သဘောကျတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလာတိုင်တဲ့ ဒါရိုက်တာကိုပေါက်ဟာ သူကိုတိုင်ကလဲ သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် နောက်တက်လာတဲ့လူငယ်သရုပ်ဆောင်တွေကိုလဲ သရုပ်ဆောင် တဲ့ mood တွေ ကအစ အကောင်းဆုံးဖြစ်အောင် သင်ကြားပေးခဲ့ သူလဲ ဖြစ်ပါတယ်။

ယခုအခါမှာလဲ ကိုပေါက်က အိပ်မက်မြစ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး အဆိုပါဇာတ်ကားမှာ အာရှတလွှားမှာ ထင်ပေါ်ကျော်ကြားနေတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ရိုက်ကွင်းမှာတော့ ပိုင်တံခွန်ရဲ့လိုအပ်နေတဲ့ သရုပ်ဆောင်ချက်တွေကို ကိုပေါက်က ခုလိုလဲ အသေးစိတ် သင်ကြားပေးနေတာကိုတွေ့မြင်ရပါတယ်။

အဲ့ဒါကတော့ ” အိပ်မက်မြစ်ထဲက အသစ်နဲ့အဟောင်း။ လူကြီးနဲ့လူငယ် အပေး အယူမျှဖို့ဆိုတာ လူငယ်တွေကိုတကယ်နေရာပေးချင်တဲ့ စိတ်စေတနာ အပြည့်ရှိဖို့ပဲ လိုပါတယ်” ဆိုတဲ့စာသားနဲ့အတူ ပုံလေးတွေပါ ဖော်ပြခဲ့ပါတယ်။

ပိုင်တံခွန် ရဲ့ပရိသတ်ကြီး သူ့ရဲ့ ရိုက်ကွင်းပေါ်က ပုံလေးတွေကို ကြည့်ပြီးသဘောကြကြမယ်ထင်ပါတယ်။ ကြည့်ရူ့ကြတဲ့ ပရိသတ်ကြီးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 1993 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ