Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပိတောက်ကတဲ့ဂီတ ရုပ်ရှင်အထူးပွဲအတွက် ကျေးဇူးတင်စကားဆိုလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

မြန်မာနိုင်ငံရဲ့ အမျိုးသမီးပရိသတ်အများဆုံး အနုပညာရှင်စာရင်းမှာ ပါဝင်နေတဲ့ အဆိုတော်၊သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဟာ သီချင်းတွေကိုဘဲ အကောင်းဆုံးဖန်တီးနိုင်တာမဟုတ်ဘဲ စီးပွားရေးနဲ့ ပတ်သတ်လို့လဲ စိုင်းစိုင်းနှုတ်ခမ်းနီတွေက အရမ်းကိုအောင်မြင်ခဲ့သလို ယခုနောက်ပိုင်း ရုပ်ရှင်ကားတွေမှာလဲ သူ့ရဲ့ သရုပ်ဆောင်မှုစွမ်းရည်တွေက အတိုင်းအဆများစွာ တိုးတက်ကောင်းမွန်လာခဲ့တာကို တွေ့မြင်ကြရမှာပါ။

စိုင်းစိုင်းခမ်းလှိုင်ဟာ ထိပ်တန်းအနုပညာရှင်တစ်ဦးလို့ တင်စားရလောက်အောင်ကို အနုပညာဖန်တီးတဲ့နေရာမှာ အရမ်းကို လက်ရာ ပြောင်မြောက်လွန်းပါတယ်။ သူက မကြာခင်မှာရုံတင်တော့မယ့် ပိတောက်ကတဲ့ ဂီတဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အကောင်းဆုံးပုံဖော်ရိုက်ကူးခဲ့သလို ရုပ်ရှင်အထူးပွဲကိုလဲ အခမ်းနားဆုံးဖြစ်အောင် စီစဉ်ခဲ့တာကတော့ ချီးကျူးစရာကောင်းလွန်းနေပါတယ်။

သင်္ကြန်အငွေ့အသက်နဲ့ ၊ မန္တလေးရဲ့ အငွေ့အသက်တွေကို တစ်နေရာထဲမှာ ခံစားနိုင်အောင် စီစဉ်ခဲ့ပုံကတော့ လုံးဝကို အံ့မခမ်းပါဘဲ ။ သူ့ရဲ့ ရုပ်ရှင်အထူးပွဲကို တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အတူ တက်ရောက်လာသူအားလုံးကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

အဲ့ဒါကတော့ “ ပိတောက်ကတဲ့ဂီတ ရုပ်ရှင်အထူးပွဲသို့တက်ရောက်အားပေးချီးမြှင့်သော ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်ဇနီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်လူကြီးများနှင့် ဧည့်သည်တော်များ စာရေးဆရာများ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များ ရုပ်ရှင်လုပ်ငန်းရှင်များ ဂီတပညာရှင်များ မိတ်ဆွေများနှင့် ပရိသတ်များ အားလုံးကို ကျေးဇူးဥပကာရတင်ရှိ ပါတယ်။ လေးစားစွာဖြင့် စိုင်းစိုင်းခမ်းလှိုင်” လို့ ဆိုကာ ခမ်းနားလှတဲ့ ပုံရိပ်တွေနဲ့အတူ ရေးသားဖော်ပြခဲ့ပါတယ်။

ပိတောက်ကတဲ့ ဂီတရုပ်ရှင်ဇာတ်ကားကြီးကို စိုင်းစိုင်းခမ်းလှိုင်၊ အေးမြတ်သူ နဲ့ ပိုမမီသာတို့က အဓိကပါဝင်သရုပ်ဆော င်ထားတာဖြစ်ပြီး မတ်လ(၅)ရက်နေ့မှာတော့ တစ်နိုင်ငံလုံးမှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့လဲ သိရပါတယ်။

Snow(mcc)

(Visited 1191 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ