Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပါးစပ်မှာ အပူတွေပေါက်နေလို့ အလှူခံမထွက်နိုင်တော့ကြောင်း ပြောလာတဲ့ သင်ဇာဝင့်ကျော်

သဘာဝဘေးကြောင့် ရေဘေးသင့်ခဲ့တဲ့ မွန်ပြည်နယ် အတွက် လှည်းတန်းစင်တာအောက်မှာ အလှူငွေကောက်ခံရင်း သီချင်းသီဆိုဖော်ဖြေသွားဖို့ရှိတယ်လို့ သိရပါတယ်။ ယနေ့ တနင်္ဂနွေ နေ့မှာ ရေဘေးပြန်လည် ထူထောင်ရေးအတွက် ရန်ပုံငွေ ပွဲလေးလုပ်ဖြစ်ပါမယ် လို့ ဟိန်းမင်းသူက သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ အဲ့ဒီပွဲမှာ သင်ဇာဝင့်ကျော်၊ ဆိုဖီယာ၊ ကျွန်တော့်အစ်ကိုကြီး စစ်သွေး၊ ဒီမိုးစက်၊ ကိုညီနန္ဒ ၊ညီ Guitarist ထောင်လိန်း ၊ Ko Ye Htoo တို့ကနေ ဖျော်ဖြေကြမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပွဲကို သင်ဇာဝင့်ကျော်က မလာရောက်နိုင်တော့တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ သူမပြောပြခဲ့တာကတော့ ” ပါးစပ်မှာအပူတွေပေါက်နေပြီး စကားတောင်ပြောဖို့ခက်နေတယ်…၃ နာရီသီချင်းမဆိုနိုင်တော့ဘူး ထင်တယ်…အားလုံးကိုကြေငြာပြီးသားမို့လို့ အမအလှူငွေတော့လာကောက်ပေးပါ့မယ်… sorry ? ? ? ? ဒီနေ့အတွက်တကယ့်ကို sorry ပါရှင်…သင်ဇာနေမကောင်းလို့ အလှူခံဖို့မလာနိုင်တော့တဲ့အတွက် ?????? ” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

အဆိုပါ အလှူငွေကောက်ခံ ပြီး ရရှိလာတဲ့ အလှူငွေများကို ကျိုက်မရောမြို့ ခနောင်ကျေးရွာပြကျိုက်မရောမြို့နယ်၊ ပေါလော၊ အထ္ထရံ၊ ဖာသိမ်ဆိပ် နဲ့ အခြားအနီးအနားကရွာလေးများမှာ လဲ ကြာသပတေးနေ့မှာလက်လှမ်းမှီသလောက် သွားရောက် လှူဒါန်းမှာဖြစ်တယ်လို့လဲ သိရပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးရေ သင်ဇာအမြန်နေကောင်းလာစေဖို့ ဆုတောင်းပေးကြပါဦးနော် ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Source – thinzar wint kyaw ‘s fb , hein min thu’sfb

(Visited 746 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ