Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်ရဲ့ ချည် တာကို ခံခဲ့ရတဲ့ သက်မွန်မြင့်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်သက်မွန်မြင့် ဟာ သူမရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် သူမရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတိုင်းကို ဝန်းရံသူများပြားခဲ့ပါတယ်။ ယခုအခါမှာလဲ မကြာခင်မှာရုံတင်ပြသတော့မယ့် ချည်ရုပ်ရှင်ဇာတ်ကားကြီး ကို နမူနာ ဗီဒီယို နဲ့တင် ကြိုက်နှစ်သက်သူများပြားခဲ့ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးဟာ သက်မွန်မြင့် အတွက် နောက်ထပ်အကယ်ဒမီ တစ်ဆု ထပ်မံဆွတ်ခူးနိုင်လိမ့်မယ်လို့ ပရိသတ် တွေကခန့်မှန်းနေကြသလို အနုပညာသားအချင်းချင်းရဲ့ချီးကျူးစကားတွေကိုလဲကြားသိခဲ့ရပါတယ်။ ချည် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Ret carpet Show ကို ၂၃ရက်နေ့ညကကျင်းပပြုလုပ်ခဲ့ပြီး သက်မွန်ရဲ့ ချစ်ပရိသတ်တွေက သူမကို i phone 11 pro ကြီးနဲ့ Surprise လုပ်ပေးခဲ့ကြပါတယ်။

အဲ့လိုချစ်ပေးကြတဲ့ပရိသတ်ကြီးကို ” တကယ် surprise အကြီးကြီးပါတော်! အရမ်းလန့်ပြီး တကယ် နောက်ဆုတ်ခဲ့တာပါ..မယူချင်ဘူး မယူရက်ဘူး ကိုယ့်ကို ချစ်ကြ အားပေးကြတဲ့သူတွေ သူတို့မုန့်ဖိုးလေးတွေ ကိုယ့်ရုပ်ရှင်တွက်နဲ့ အချိန်ကုန် ငွေကုန် လူပန်းနေကြပြီးသားကို.. “

ဒီနှစ်ကုန်ဆို ကိုယ့်ကား ဆက်တိုက် သူတို့မှာ မျိုးစုံ ဝန်းရံရတာတအား အားနာနေပါပြီ! ကိုယ်က ဘာမှလည်း ပြန်မလုပ်ပေးနိုင်ပဲနဲ့😢 ဒါ ဒီလို တန်ဖိုးကြီးတွေ ပေးတာ နောက်ဆုံးပဲနော် ဒီတိုင်းလေး အားပေးဝန်းရံတာနဲ့တင် ဘဝ တခု ခိုင်မာနေပါပြီ ကျေးဇူး အထူးအထူးပါလို့!!!💛💛💛💛💛” ဆိုကာ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

သက်မွန်ကိုချစ်တဲ့ ပရိသတ်ကြီးက ၂၆ ရက်နေ့မှာ ရုံတင်ပြသမယ့် ချည် ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရူအားပေးဝေဖန်ပေးကြပါအုံးနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Snow(mcc)

(Visited 9552 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ