Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်ပေးတဲ့ အကယ်ဒမီကို ထပ်မံရရှိနိုင်မယ့် နေတိုးရဲ့ “ပြုံးရွှင်ရေ ပျော်ရဲ့လား”

နိုင်ငံကျော် အနုပညာရှင်တွေမှာရော၊ မြန်မာ့အနုပညာလောကမှာရော နံပါတ်တစ် လို့ ယူဆထားကြတဲ့ အကယ်ဒမီ သရုပ်ဆောင် နေတိုးဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာ တစ်ခုခု စွဲကျန်ရစ်နေ စေမယ့် ရုပ်ရှင်ကားကြီးတွေကို ရိုက်ကူးပုံဖော်လေ့ရှိပြီး ဟာသကားဆိုလဲ ဟာသကားအလျှောက် ၊ ဒရမ်ဆိုလဲ ဒရမ်မာ အလျှောက်အရမ်း ကိုပီပြင်လှတဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အကယ်ဒမီ ထူးချွန်ဆုကြီးနဲ့ လွဲသွားခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ မလွဲမသွေ အကယ်ဒမီ ရွှေစင် ရုပ်ထုကို ပိုင်ဆိုင်နိုင်မယ့် ရုပ်ရှင်ဇာတ်ကားတစ်ကား မကြာခင်ပရိတ်သတ်ကြီး ကြည့်ရူ့ရတော့မှာပါ။

အဲ့ဒီဇာတ်ကားလေးကတော့ ” လူတွေကို ရီမောပျော်ရွှင်အောင် လုပ်ပေးနေတဲ့ ပြုံးရွှင်ရဲ့ ရင်ထဲက ခံစားချက်က သူကိုယ်တိုင်ရော…ပျော်ရွှင်နေလား……❓❓ဝမ်းနည်းနေလား…..❓❓ဆိုတာ တွေကို အကောင်းဆုံး အနုပညာပြချက်တွေနဲ့ သဘာဝကျကျ သရုပ်ဆောင်ထားတဲ့ နေတိုးရဲ့သရုပ်ဆောင်မှုတွေကို တွေ့မြင်ရမှာပါ ။

ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ကျော်ကျော်ဗို၊ အေးမြတ်သူ နဲ့ ရွှေမှုံရတီတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပြုံးရွှင်ရေ ပျော်ရဲ့လား ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလ ၂၅ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Snowpiki(MCC)

(Visited 1067 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ