ပရိသတ်တွေ အံ့သြသွားရတဲ့ ပပဝတီရဲ့ မိတ်ကပ်အစွမ်း

နိုင်ငံကျော် မင်းသမီးကြီးနှစ်ဦးရဲ့ အားပြိုင်ကြတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ပပဝတီစီရင်ခန်းဟာဆိုရင် လတ်တလောပရိသတ်တွေကြားမှာအရမ်းဟော့ဖြစ်နေတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားရဲ့ အဓိကကြတဲ့ အခန်းကဏ္ဍတစ်ခုကို ဖော်ပြလာပါတယ်။

အဲ့ဒီရုပ်ရှင်ဇာတ်ကားရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကတော့ မိတ်ကပ်ပြင်ဆင်ချယ်သမှုဘဲဖြစ်ပါတယ်။ ရုပ်ဆိုးတဲ့မျက်နှာ သွေးထွက်နေတဲ့ မျက်နှာအပြင်အဆင်တွေကို မိတ်ကပ်နဲ့ ဖန်တီးခြယ်သ သလို ၊ ချောမောလှပတဲ့ အပြင်အဆင်ကိုလဲ မိတ်ကပ်အစွမ်းနဲ့ လုပ်ဆောင်ဖန်တီးလေ့ရှိပါတယ်။

ဒီဇာတ်ကားကြီးမှာ ဖန်တီးမှုနှစ်ခုလုံး ပါဝင်တာကြောင့် ဓီဇာတ်ကားကြီးဟာ အရမ်းကို စိတ်ဝင်စားစရာကောင်းနေတာလဲဖြစ်ပါတယ်။ ပပ၀တီစီရင်ခန်း ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်တွေရဲ့ ရင်ကို ထပ်ပြီး လှုပ်ကိုင်နိုင်သလို အကယ်ဒမီ ဘုတ်အဖွဲ့ကိုလဲ ခေါင်းစားလုပ်နိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးလဲ ဖြစ်ပါတယ်။

ပရိသတ်တွေ စိတ်၀င်စားရလေအောင် မိတ်ကပ်ဖန်တီးမှုပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ချစ်တဲ့ပရိသတ်တွေက ဝေဖန်ပေးခဲ့ကြပါဦးနော်။

ပပဝတီစီရင်ခန်း ရုပ်ရှင်ဇာတ်ကားကြီး ကို ဒါရိုက်တာဝိုင်းက စီရင်ရိုက်ကူးပြီး မိုးဟေကို ၊ ဖွေးဖွေး၊ ထွန်းထွန်း နဲ့ အလင်းရောင် တို့က အဓိကပါဝင်ရိုက်ကူးထားပြီး အောက်တိုဘာလ(၁၀)ရက်နေ့က ရုံတင်ပြသနေပြီးဖြစ်ပါတယ်။

Snow(mcc)

Source – Luong Luong sfx

(Visited 102110 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ