Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်တွေ အားကျအောင်စားပြနေကြတဲ့ သက်မွန်မြင့် တို့ သူငယ်ချင်းတစ်စု

ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ သက်မွန်မြင့်၊ ခင်လေးနွယ်၊ ဖူးစုံ နဲ့ ဒီဇိုင်နာ မပုံ့တို့ရဲ့ ကတော့ သူငယ်ချင်း တွေဖြစ်နေကြပြီး သူတို့ရဲ့ ချစ်စရာကောင်းတဲ့ စုံတွေပုံတွေက ကြည့်ရှု့သူတွေကို စိတ်ချမ်းသာ စေပါတယ်။ ယခုအခါမှာလဲ သူတို့သူငယ်ချင်းတွေစုံတုန်း မုန့်တွေအားရပါးရစားပြီး ပျော်ရွှင်စွာစကားပြောနေကြတဲ့ Live ဗီဒီယိုလေးကို ကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်။ သူတို့က အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ဆောင်နေကြပြီး ပျော်စရာ ကောင်းတဲ့ အဖွဲ့လေးပေါ့။

သက်မွန်မြင့်ကတော့ ကလေးနှစ်ယောက်မေမေဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အရင်လို အချိန်အများကြီး မရှိပေမယ့် အတက်နိုင်ဆုံးတော့ အချိန်ပေးတွေ့ဖြစ်ကြပါတယ်။ ခင်လေးနွယ် နဲ့ ဖူးစုံတို့ကတော့ အပျိုကြီးတွေဖြစ်လို့ စားလိုက်သွားလိုက်ပုံတွေ မကြာခဏတွေ့ရသလို လွတ်လပ်ပေါ့ပါးတဲ့ အရိပ်အရောင်တွေကိုလဲ ခံစားရပါတယ်။ သူတို့နှစ်ယောက်က သက်မွန်မြင့်ကိုကြည့်ပြီး အဲ့လိုနှောင်အဖွဲ့တွေမရှိခြင်တာကြောင့် အိမ်ထောင်ပြုဖို့ စိတ်မကူးဖူးလို့လဲ အင်တာဗျူးတွေမှာ စနောက်ပြီးဖြေဆိုလေ့ရှိပါတယ်။

ချစ်ပရိသတ်ကြီးသူတို့ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး သဘောကျနှစ်သက်လိမ့်မယ်ထင်ပါတယ်။ အစားသောင်းကျန်နေတဲ့ သက်မွန်မြင့်နဲ့ ဖူးစုံတို့ကိုလဲ တွေ့မြင်ရမှာပါ။ Live ဆုံးတဲ့အထိကြည့်ပေးကြနော်။ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။

Source – khin lay new’s fb

(Visited 2838 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ