Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်တွေ အန္တရာယ်ကင်းစေဖို့ ဆုတောင်းပေးလိုက်တဲ့ နေတိုး

အရွယ်သုံးပါး ယောက်ျားမိန်းမ မရွေး သဘောကြနှစ်သက်ကြတဲ့ အကယ်ဒမီသရုပ်ဆောင် မင်းသား နေတိုးကတော့ လက်ရှိ ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကနေ ကင်းဝေကြစေဖို့ ရည်ရွယ်ပြီး ဆုမွန်ကောင်းတောင်းပေးလာပါတယ်။ ဆုတောင်းစကားတွေပြောရင်း ဗိုင်းရပ်စ် မကူးအောင် ဆောင်ရန်ရှောင်ရန်တွေကိုလဲ ပြောပြပေးခဲ့တယ်။

နေတိုး ရေးသားပြောပြခဲ့တာကတော့ ” ပရိသတ်များအားလုံး မဂ်လာပါခင်ဗျာ..လက်ကိုမကြာခဏဆေးပေးပါ အရေးပေါ်အနေနဲ့Hand Sanitizer များကိုအသုံးပြုနိုင်ပါတယ် ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်တိုင်းမှာလည်း လက်ကိုဆပ်ပြာနဲ့သေချာစနစ်တကျဆေးကြောပါ နာချေ ချောင်းဆိုးတယ်ဆိုရင်ဖြစ်နိုင်ပါကTissue ကိုအသုံးပြုပြီးအမှိုက်ပုံးထဲကိုသေချာစွန့်ပစ်ပါ”

“လူထူထပ်သောနေရာများကိုသွားလာခြင်းမှအတတ်နိုင်ဆုံးရှောင်ကျဉ်ပေးပါ ကျွန်တော်လည်းလူစုလူဝေးကိုရှောင်ကျည်တဲ့အနေနဲ့ Shootingများကိုရပ်နားထားပါတယ် ရောဂါကိုထိန်းချုပ်နိုင်တဲ့အခြေအနေတစ်ခုထိရပ်နားထားမှာဖြစ်ပါတယ်”

“ပရိသတ်များအားလုံးလည်းဖြစ်နိုင်ရင်အိမ်မှာပဲနေစေလိုပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြုဆောင်ရွက်ပေးကြပါခင်ဗျာ…မိမိကိုယ်ကိုကာကွယ်ခြင်းဖြင့် မိမိပတ်ဝန်းကျင်နဲ့ မိမိ မိသားစုကိုကာကွယ်ပေးကြပါ ..ပရိသတ်များအားလုံး ရေလိုအေးလို့ပန်းလိုလန်းကြပါစေကြောင်း..ဆုတောင်းမေတ္တာပို့သရင်း ထာဝရပါ …နေတိုး” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။ နေတိုး ကိုချစ်တဲ့ပရိသတ်တွေက သူပြောတဲ့ ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာဆောင်ရွက်တဲ့အနေနဲ့ အကြောင်းတစ်စုံတစ်ရာမရှိရင် အပြင်မထွက်ကြဖို့နဲ့ လက်ဆေးဖို့ကို မမေ့ကြနဲ့နော်။

Snow(mcc)

(Visited 279 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ