Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်တွေ အတွက် Live လွှင့်ပြီး သီချင်းဆိုပြဖို့ စီစဥ်နေတဲ့ ထွန်းအိန္ဒြာဗို

တစ်ခေတ်တစ်ခါက အမိုက်စားသီချင်းတွေနဲ့ မြန်မာ တစ်ပြည်လုံးက ပြည်သူတွေကို သိမ်းပိုက်ထားတဲ့ အဆိုတော် ၊သရုပ်ဆောင် ထွန်းအိန္ဒြာဗို ဟာ သူအောင်မြင်ခဲ့တဲ့ သီချင်းပေါင်းမြောက်များစွာထဲက ပရိသတ်တောင်းဆိုတဲ့ သီချင်းတွေကို Live လွှငိ့ကာ သီဆိုပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါ သီဆိုပွဲကို အသံပါဝါကောင်းတဲ့ နိုင်ငံကျော် အဆိုတော် တင်ဇာမော်နဲ့အတူ တွဲဖက်ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Live လွှင့်မယ့် အစီအစဥ်နဲ့ ပတ်သက်ပြီး ” ကျမ နဲ့ တင်ဇာမော် နဲ့live လွှင့်ပေးဖို့ စီစဥ် နေပါတယ်။ solo ၆ ပုဒ်စီ နဲ့ duet ၃ ပုဒ်ပါစုစုပေါင်း ၁၅ ပုဒ်ပေါ့၊ ၆ ပုဒ် ရဲ့ နာမည် စာရင်းလေး ရွေးချယ်ပေးစေချင်ပါတယ်ရှင့်”

” ကျမ ရဲ့ Fan များရှင်..တကယ်လို့များ live လွှင့်မယ် ဆိုရင် ဘယ်သီချင်းတွေများဆိုစေချင်ပါသလဲသိပါရစေ..❤️❤️❤️❤️❤️” လို့ဆိုကာ ထွန်းအိန္ဒြာဗိုက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားမေးမြန်းခဲ့ပါတယ်။

အဲ့ဒီနောက် ” သီချင်းတောင်းဆိုထားကြတဲ့ comment ၆၅၀၀ ကျော် ထဲက တောင်းဆိုမှုအများဆုံးသီချင်းတွေက ကျမ ဆိုနေကြတွေပဲ ဖြစ်နေလို့…တောင်းဆိုထားတဲ့ သီချင်းတချို့နဲ့ အတူ ဆိုလေ့မရှိတဲ့ သီချင်းတချို့ကိုလည်း ပရိသတ်များအတွက် သီဆိုပေးပါရစေနော်…ရက်သတ်မှတ်ပြီးရင် ထပ်ပြောပြပါမယ် ရှင်…” လို့ဆိုပြီးလဲ သူတို့ Live ရဲ့ လက်ရှိအခြေအနေကို ပြောပြခဲ့ပါတယ်။

ထွန်းအိန္ဒြာဗိုနဲ့ တင်ဇာမော်တို့ရဲ့ ချစ်ပရိသတ်တွေကတော့ သူ့ရဲ့ Live ကို မျော်နေကြပြီထင်ပါတယ်။ မကြာခင်မှာ သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေကနေတစ်ဆင့် ပရိသတ်တွေတောင်းဆိုထားတဲ့ ပရိသတ်အကြိုက် သီချင်းတွေကို သီဆိုပေးသွားမှာဖြစ်လို့စောင့်ကြည့်ကြဖို့ မမေ့ပါနဲ့နော်။

Snow(mcc)

(Visited 613 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ