Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်တွေ သတိမမူမိတဲ့ သူမရဲ့ အားနည်း ချက်တခုကိုပြောပြလာတဲ့ ဖွေးစိန်

ပရိသတ်တွေရဲ့ အချစ်တော် ဖွေးစိန်က သူမမှာ အားနည်းတစ်ချို့ရှိတဲ့အကြောင်းနဲ့ သူမကိုယ်တိုင် ကိုယ့်ကိုကိုယ် စိတ်ထားတက်အောင် အကောင်းဆုံး ပြင်ဆင်နေတယ် ဆိုတဲ့ အကြောင်းတွေကို ပြောပြလာပါတယ်။ ဖွေးက အသက် ၃၀ကျော် ရင့်ကျက်ရမယ့် မိနိးကလေးတစ်ယောက်ပီပီ ရင့်ကျက်တည်ငြိမ်နေတဲ့ စကားလုံးတွေနဲ့ လက်တွေ့ဆန်တဲ့ အကြောင်းအရာတစ်ချို့ကိုပြောပြလာခဲ့ပါတယ်။

သူမပြောခဲ့တာကတော့ ” ဖွေးကရုပ်ရှင်ထဲမှာမျက်ရည်လွယ်တယ်…ဘယ်သူ့မှမရှိတော့တဲ့အချိန် ဖွေးအိပ်တဲ့ခေါင်းအုံးလေးပေါ်မှာဆိုလဲ မျက်ရည်လွယ်တယ်…တကယ့်အပြင်လောကမှာတော့ မျိုသိပ်တတ်ပါတယ်..ဖွေးပျော်တတ်တယ်.. စိတ်ညစ်တယ်တယ်.. ကြည်နူးတတ်သလို နာကျင်တတ်တယ်.. ဖွေးကိုချစ်တဲ့လူရှိသလို မုန်းတဲ့လူလဲရှိမယ်ဆိုတာလက်ခံပြီးသားပါပဲ..”

” ကိုယ့်ဘဝအမောတွေနဲ့ကိုယ်အသက်မနဲရှူနေရ‌တာတောင် ဖွေးကိုချစ်ဖို့သတိရပေးကြတဲ့ Darlings တွေကိုလဲအဲ့ဒါ‌ကြောင့်ပဲ ဖွေးအရမ်းတန်ဖိုးထားတာပါ..ဖွေးဝမ်းနည်းတာတွေမဝေမျှဘူး.. အားတွေပဲပြန်ပေးချင်တယ်.. အဲ့တာ‌ကြောင့်ပျော်နေတာတွေ.. အားရှိစရာတွေ.. အလုပ်ကြိုးစားလုပ်နေတာတွေပဲဖွေးရဲ့ Pageပေါ်မှာတင်လေ့ရှိတာပါ.. နော်..”

” ပြုံးနေတိုင်းလဲစိတ်ဓာတ်မကျတတ်လို့မဟုတ်ပါဘူး… မပြည့်စုံတာတွေလိုအပ်ချက်တွေနဲ့ဘဲအဆက်မပြတ်ကြိုးစားနေဆဲပါ…ဖွေးကိုမုန်းနေတဲ့လူတွေမကောင်းပြောတဲ့,လုပ်တဲ့သူတွေအပေါ်လဲ အရင်ကဆိုဘာခံစားချက်မှမထားခဲ့ဘူး အချစ်တွေကိုဘဲအာရုံစိုက်ခဲ့တယ်။ အခုတော့တခုလေးတွေးမိတယ် ေဩာ်……ငါအရင်ဘဝက သူတို့ကိုဘာတွေ Foulခဲ့လဲမှမသိတာလို့…..”

” ခုဆို ဘာလုပ်ခံရခံရ ပြန်မတုံ့ပြန်တာလဲ…..အရာရာခွင့်လွှတ်ပြီးသားမို့ပါ…..ဝဋ်ကျွေးရှိရင်လဲ ကြေသွားမှာပါ……ဘာမှမဟုတ်ဘူးနော်…..မိုးအေးအေးလေးနဲ့..စာရေးချင်စိတ်ပေါက်လာလို့…..အေးချမ်းကြပါစေ…..အကြည်ဓာတ် အကြည်energy …တွေရကြပါစေ! ဒီစာကိုနှလုံးသားနဲ့ ရေးလို့ ရင်ဘတ်ရှိသူတွေ ထိရပါစေ တချို့လူတွေကပြောကြတယ်ပိုချောလာတယ်တဲ့..အမှန်ကမဟုတ်ပါဘူး… ပိုတွေးတတ်..ပိုစိတ်ထားတတ်လာတာပါ.. ဖွေးစိန်?” လို့ ဆိုပြီး သူမရဲ့ စိတ်ခံစားချက်တွေကို ပြောပြလာခဲ့ပါတယ်။

ဖွေးစိန်ဟာ အကယ်ဒမီ သုံးဆုကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး သြဂုတ်လ ၉ရက်နေ့က သူမရဲ့ ၃၁ နှစ်ပြည့်မွေးနေ့ဖြစ်ခဲ့ပါတယ်။ သူမက မွေးနေ့မှာ မွန်မြတ်တဲ့ အလှူဒါနတွေပြုခဲ့ပြီး မိဘတွေကိုလဲ ချွေးနဲစာထဲကနေ ကန်တော့ခဲ့ပါသေးတယ်။

ခုလဲ သူမရဲ့ စိတ်ရောလက်ပါရေးသားထားခဲ့တဲ့ စာလေးကို ဖတ်ရှု့မိသူတိုင်း ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ် ။

Source – phway Phway ‘sfb

(Visited 859 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ