Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်တွေရဲ့ Valentines Day Surprise ကြောင့် မျက်ရည်တွေကျခဲ့ရတယ်ဆို Billy လမင်းအေး

မြန်မာနိုင်ငံရဲ့ ကြည့်ရူ့သူများတဲ့ အစီအစဥ်တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မြန်မာအိုက်ဒေါ သီချင်းဆိုပြိုင်ပွဲရဲ့ season 2 ရဲ့ First Winner Up ဖြစ်တဲ့ ဘီလီလမင်းအေး ကို ချစ်တဲ့ ပရိသတ်တွေများစွာ ရရှိခဲ့တဲ့အပြင် ပရိသတ်တွေက သူမမျက်ရည်ကျလောက်တဲ့ Surprise မျိုးကို ပြုလုပ်ပေးခဲ့ကြပါတယ်။ အဆိုပါ Surprise ကတော့ သူမကိုခွန်အားဖြစ်စေမယ့် အမှတ်တရစကားလေးတွေကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးဘဲ ဖြစ်ပါတယ်။

အဲ့ဒီ ဗီဒီယိုလေးကိုကြည့်ပြီး သူမရဲ့ ခံစားချက်တွေကို ” Billions များသို့ အင်မတန်မှအံ့သြရတဲ့အခိုက်အတန့်နဲ့ မျက်ရည် ဘူးသီးလုံးလောက်ကျစေခဲ့တဲ့နေ့တစ်နေ့လို့ပြောရင်လဲမမှားပါဘူးနော်။ ပီတိဖြာ ၊ဝမ်းသာပီး အင်မတန် ပျော်ရွှင်မှု ကိုခံစားရပါတယ်။ ကျွန်မချစ်ရတဲ့ ကျွန်မရဲ့အားဆေးလေးတွေရဲ့ စကားတစ်ခွန်းကြောင့်ရှေ့ဆက်ဖို့တွန်းအားတွေဖြစ်စေခဲ့သလို ပို၍သူတို့အတွက် ကျွန်မ ကြိုးစားရဦးမယ် ဆိုတဲ့အသိလေးကို ယနေ့ ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်♥️”

“၂၀၂၀ မှာအခုလိုအမှတ် တရကြီးကြီး ရလိုက်တဲ့အတွက်ဖူး ဘာ စကားလုံးနဲ့မှ နှိုင်းပြစရာမရှိအောင်ပျော်ရွှင်လျှက်ပါနော်။ ကိုယ်တိုင် ကိုယ်ကျ ဖူးရှေ့ မှာ ရောက် လာပီး အားပေးတဲ့သူတွေရှိသလို အခုလို ဖူးနဲ့မကြုံ ဖူးမတွေ့ ဖူးဘဲ အားပေးနေတဲ့ သူတဦး တယောက် ချင်း စီ ကို ဖူး ကြိုးစားပါဦးမယ် လို့ ဆက်ပီး ဖူးကိုအားပေးချစ်ခင်ပေးပါ လို့ပြောကြားရင်း……I Love U all ❤️❤️❤️” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

ဘီလီလမင်းအေး ပရိသတ်တွေရဲ့ Surprise video လေးကို ကြည့်ရှု့ပြီး တခြားသောပရိသတ်တွေလဲ ကြည်နူးမိကြလိမ့်မယ်လို့ ထင်မိပါတယ်။ ပရိသတ်အားလုံး ချစ်တဲ့ စိတ်နဲ့ ကြည့်ရှု့ပေးကြပါအုံးနော်။

Snow(mcc)
Source – billylaminaye’sfb

(Visited 634 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ