Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်တွေရဲ့ မေတ္တာတွေနဲ့ ထိုက်တန်အောင်ကြိုးစားမယ် ဆိုတဲ့ တန်ခွန်ကျော်

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားပြီး အဆိုပါပရိသတ်တွေရဲ့ အားပေးမှုနဲ့ဘဲ myanmar idol  ရဲ့ season 4မှာ Wild Card Winner ဖြစ်ခဲ့တဲ့ တန်ခွန်ကျော်ဟာ ယခုအခါမှာလဲ ပရိသတ်တွေ ကပေးတဲ့ ကားဆုကြီးကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးသော Fan meeting မှာ ချစ်ပရိသတ်တွေက ဆုပေါင်းပြီးပေးတဲ့ သိန်း သုံးရာကျော်တန် ကားသစ်ကြီးကို ရရှိခဲ့တာဘဲဖြစ်ပါတယ် ။

အဲ့ဒီလို လက်ဆောင်ပေးခဲ့တဲ့ ပရိသတ်တွေကို ” သူတို့ရဲ့ချွေးတွေ 😍သူတို့ရဲ့စေတနာတွေ😍 သူတို့ရဲ့ မေတ္တာ တွေ 😍 ထိုက်တန်အောင်ကြိုးစားပါမယ်။ ကျေးဇူးအများကြီးတင်ပါတယ်🙏။2020First TanKhun KyawFanMeeting မှာအချိန်ပေး ​လာရောက်အားပေးတဲ့ အမျိုးတွေရော ”

” ကားလက်ဆောင်ဝယ်ပေးကြတဲ့အမျိုးတွေရော မလာနိုင် လို့ နယ်ကနေ အားပေးနေကြတဲ့ အမျိုးတွေရော ကျေးဇူးအများကြီးတင်ပါတယ်ဗျ ကျွန်တော် အများကြီးကြိုးစားသွားပါမယ်ဗျFashion sponsor thanks a lot ပါဗျ ” လို့ ဆိုကာ အမှတ်တရ ပုံလေးတွေနဲ့ အတူ ရေးသားခဲ့ပါတယ်။

တန်ခွန်ကျော်ရဲ့ ချစ်ပရိသတ်တွေက သူရဲ့ ကြိုးစားမယ်ဆိုတဲ့ စကားကြောင့် အားပေးရကြိုးနပ်မယ်လို့ ထင်ပါတယ်နော်။ ချစ်ပရိသတ်တွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 1432 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ