Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ဂျီဟောသူ

ပရိသတ်ချစ်တဲ့ mrtv4 ကမင်းသားမင်းသမီးတွေ များစွာပါဝင်တဲ့ ဂျီဟောသူဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ဟာ မကြာခင်မှာ ပရိသတ်တွေ ကြည့်ရှု့ရတော့မှာဖြစ်ပါတယ်။ အဆိုပါရုပ်သံဇာတ်လမ်းတွဲမှာ ပရိသတ်တွေကို စွဲဆောင်ထားတာကတော့ ၁၉၈၀ မှ ၈၅ ခုနှစ်ကြားက ဆံပင်ပုံစံတွေ အဝတ်အစားတွေဘဲဖြစ်ပါတယ်။

အဆိုပါရုပ်သံဇာတ်လမ်းတွဲဟာ FGseriesproduction ရဲ့ထပ်မံတင်ဆက်ပေးမယ့်ဇာတ်လမ်းတွဲ ဖြစ်ပြီး တစ်မူထူးခြားတဲ့ အပြင် အဆင်ပုံစံလေးတွေကို တွေ့မြင်ရမှာဖြစ်ပြီး “ဂျီဟောသူ”ရုပ်သံဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသပေးသွားတော့မှာ ဖြစ်ကာ ပရိသတ်ကြီးက စိတ်ဝင်စားနေကြပြီလို့ထင်ပါတယ်နော်။

ဂျီဟောသူ ရုပ်သံဇာတ်လမ်းတွဲဟာ တစ်ချိန်က မစန္ဒာရဲ့ အောင်မြင်ခဲ့ ဝတ္ထုစာအုပ်လေးတစ်အုပ်ဖြစ်ခဲ့ပါတယ် ။ ဒီစာအုပ်လေး ဖြစ်ပေါ်လာပုံကတော့ ၁၉၈၀ခုနှစ်ဝန်းကျင်လောက်က ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းတော်ကြီးရဲ့ အဆောင်တစ်ခုဖြစ်တဲ့ ဂျီဟော (G hall)[အဆောင်နံပါတ်က Gမလို့ ဂျီဟောလို့ အမည်ပေးထားတာ]ဂျီဟောဆောင်မှာနေတဲ့ အဆောင်သူလေးတွေကိုတော့ ဂျီဟောသူလို့ အမည်ပေးထားတယ်။

ဒ်ိီိစာအုပ်မှာတော့ ဂျီဟောဆောင်မှာ တက္ကသိုလ်တက်စဥ် ၆နှစ်တာ အတူတူနေခဲ့ရတဲ့ ဂျီဟောအဆောင်သူလေးတွေရဲ့ အနေအထိုင် အပြောအဆို အဖြစ်အပျက်ကလေးတွေကို ဟာသလေးနှောကာ ရေးသားထားတဲ့အတွက် တကယ်ကိုဆွဲဆောင်မှုရှိလှတဲ့စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။ တက္ကသိုလ်နောက်ခံထားပြီး ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့အတွက် တက္ကသိုလ်ကျောင်းသူကျောင်းသားဘဝ ကို ပြန်လည်သတိရစေတဲ့ စာအုပ် ကလေးတစ်အုပ်လည်းဖြစ်ပါတယ် လို့ဆိုပြီး ဝတ္ထုဖတ်ရူ့ပြီးသူတွေက ပြောပြထားတာတွေလဲရှိပါတယ် ။

Mrtv-4 မှ မင်းသား၊ မင်းသမီးတွေသာမကဘဲ အစီအစဥ်တင်ဆက်သူတွေပါ ပါဝင်ရိုက်ကူးထားကြပြီး တစ်ခေတ်တစ်ခါက တက္ကသိုလ်တွေရဲ့ ပျော်စရာကောင်းတဲ့ ဓလေ့တွေကို လာမယ့် ဇွန်လ ၁၉ရက်နေ့ မှစတင်ကာ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေက အားပေးကြဖို့ မမေ့ပါနဲ့နော်။

Snow(mcc)

(Visited 3028 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ