ပရိသတ်တွေစောင့်မျှော်နေကြတဲ့ ထာဝရနှောင်ကြိုး လာပြီနော်

မြန်မာနိုင်ငံကပရိသတ်တွေကို ရုပ်ရှင်ကားကြီးနှစ်ကားထဲနဲ့ သိမ်းပိုက်ခဲ့တဲ့ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ မင်းသား ဇဏ်ခီတို့ ဇနီးမောင်နှံဟာ ယခုအခါမှာတော့ သူတို့ရဲ့ တတိယမြောက်ခြေလှမ်းချစ်တဲ့ Now & Ever (ထာဝရနှောင်ကြိုး) ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေထံချပြလို့လာခဲ့ပါပြီ။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေကလဲ အရမ်းကိုမျှော်လင့်စောင့်စားနေကြပြီး စက်တင်ဘာလ (၁၈)ရက်နေ့ ညမှာတော့ NOW & EVER TEASER (ထာဝရနှောင်ကြိုး ရုပ်ရှင် teaser) အမြည်းလေးကို ချပြခဲ့ပါတယ်။

အဆိုပါ NOW & EVER TEASER (ထာဝရနှောင်ကြိုး ရုပ်ရှင် teaser အမြည်းပါ)ကို တင်ပြီးချိန်၁၂နာရီအတွင်းမှာဘဲ ကြည့်ရှု့သူ နှစ်ရာလေးဆယ့်သုံးသိန်းကျော်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကမင်းသမီးအဖြစ် အကယ်ဒမီ ပိုင်ဖြိုးသုက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး သူတို့ရဲ့ အကြည့် အပြုံးနဲ့ သရုပ်ဆောင်ချက်တွေက သိပ်ကို ကြည်နူးစရာကောင်းလှပါတယ်။ NOW & EVER ရုပ်ရှင်ဇာတ်ကားကြီးက ရှေ့ကရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားထက်ပိုပြီး အောင်မြင်သွားနိုင်တယ်လို့ ပရိသတ်တွေကတော့ ထင်ကြေးပေးနေကြပါတယ်။

NOW & EVER ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလအတွင်းမှာရုံတင်ပြသသွားမှာဖြစ်ပြီး ခုပြသခဲ့တဲ့ အမြည်းလေးနဲ့တင် ပရိသတ်တွေက အရမ်းကို သဘောကြနှစ်သက်နေတာမို့ အားပေးဝန်းရံဖို့ လဲစောင့်မျှော်နေကြပါတယ်။ NOW & EVER TEASER (ထာဝရနှောင်ကြိုး ရုပ်ရှင် teaser)လေးကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်နော်။

ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေက မျှဝေသွားဖို့မမေ့ပါနဲ့နော်။ ကြည်ရှု့ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – NOW & EVER ရုပ်ရှင်ဇာတ်ကားကြီး’s fbpage

(Visited 5599 times, 2 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ